Chapter 213: Now Do You Get It (4)

491 101 5
                                    

အခန်း (၂၁၃):
ကဲ အခုသ​ဘော​ပေါက်ပြီလား (၄)

Words Count: 3648

UNICODE

​တော်ဝင်မင်းသား Adin ၏​လေသံ​အေး​အေးအား သူကြားလိုက်ရသည်။

"ဒါ​ပေါ့ ဒါ​​ပေါ့...​တိုက်ပွဲကြီးတစ်ခုလုံးအနိုင်ရ​ထားမှ​တော့ မင်း နားရမှာ​ပေါ့...တကယ်ကို အကြာကြီး နားကိုနားသင့်တယ်"

Cale ၏မျက်နှာထားမှာ တစ်ဆစ်ချိုးကို ​ကြောင်အမ်းသွား၏။

အကြာကြီးနားသင့်တယ်။

ထိုစကားအား ​စေတနာဖြင့်​ပြောလာသည်ဟု ဖြတ်သွားဖြတ်လာများက​ ထင်​လောက်​ပေမဲ့ Cale ကမူ ဤမျက်နှာနှစ်ဖက်နှင့်​ခွေးအကြီးမှာ အချိန်ကြာကြာအနားယူနိုင်ဖို့အတွက် သူ့အား ​သေခိုင်း​နေသည် ဟုသာ Cale ​တွေးမိသည်။

တော်ဝင်မင်းသား Adin မှာလူ​ကောင်းတစ်​ယောက်ဟန်​ဆောင်​နေ၏။

Cale သည် Adin အားတစ်ချက်​ချောင်းကြည့်ရင်း တစ်ချိန်တည်းမှာပင် တခြားသူများကိုလည်း ဆက်တိုက်အကဲခတ်​နေမိသည်။

သူသည် တော်ဝင်မင်းသား​နောက်၌ရှိ​နေ​သော အ​စောင့်ရဲမက်များသာမက Caro တိုင်းပြည်မှတစ်ချို့​သောပုဂ္ဂိုလ်များသည်ပင် အူ​ကြောင်​ကြောင်အမူအရာတို့ ရှိလို့​နေသည်ကို ​တွေ့ ​နေရ၏။

'သူတို့လည်း တော်ဝင်မင်းသား​တစ်​ယောက်လုံး ​ရောက်ချလာလိမ့်မယ်လို့ မထင်ထားဘူးထင်'

စဥ်းစားကြည့်လိုက်လျှင်​တော့ ဤသည်မှာ အသိအသာကြီးပင်။

အကယ်၍ စစ်ကူတို့အား ဦး​ဆောင်လာသူမှာ မင်းသား Adin ဆိုပါက Caro တိုင်းပြည်မှာ အိမ်​ရှေ့စံ Alberu အားအ​သိ​ပေးခဲ့မှာဖြစ်၏။

မင်းသား Adin သူ့အနားသို့​ ခြေတစ်လှမ်းတိုးကပ်လာသည်အား Cale သည် တည်ငြိမ်စွာရပ်ကြည့်​နေလိုက်သည်။ ​တော်ဝင်မင်းသားသည် မသိလျှင် သူ့အား စကားတီးတိုးဆိုလိုသကဲ့သို့ အနားသို့ချည်းကပ်လာခဲ့၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Tahanan ng mga kuwento. Tumuklas ngayon