Chapter 231: But it's more comfortable here? (5)

674 90 5
                                    

အခန်း (၂၃၁): ဒါ​ပေမဲ့ ဒီမှာပိုပြီးဇိမ်ကျသလားလို့? (၅)

Words Count: 3877

UNICODE

[ Cale နှင့် ​ဘေးကအိမ်နီးချင်းအဘွားကြီးတို့၏ စကားဝိုင်းအား ​ကျော်လိုက်သည် — အကျဥ်းမှာ — Cale ကအပြုံးပန်း​​ဝေ​ဝေဆာဆာနဲ့ စကား​ဖလှယ်​ပြောလိုက်သဖြင့် အိမ်နီးချင်းအဘွားကြီးမှာ Cale သည်ကား လူ​ကောင်းတစ်​ယောက် ဟု ထင်သွားခြင်း ]

တည်းခို​ဆောင် တံခါးမှာ အနည်းငယ်ပွင့်ဟလာပြီး လူတစ်​ယောက်၏အသံမှာ ထွက်​ပေါ် လာသည်။

"ငါတို့ရဲ့ ​'မျှော်လင့်၊ စွန့်စားတာကို ချစ်မြတ်နိုးသွားမယ့် တည်းခို​ဆောင်' ရဲ့ရည်ရွယ်ချက်က ခရီးသွား​​တွေ အကုန်လုံးကို ပူပူ​နွေး​နွေးစား​သောက်နိုင်ဖို့နဲ့ ​သက်​သောင့်သက်​သာဖြစ်တဲ့အခန်း​တွေမှာ စျေးသက်သက်သာသာနဲ့ တည်းခိုနိုင်ဖို့ပဲ...နားလည်လား?"

"နားလည်ပါတယ်!"

"ရက်စ်ဆာ!"

အ​ရှေ့မှတစ်​ယောက်က တိုင်​​ပေးလျှင် ကျန်သူ
များမှာ အားမာန်အပြည့်ဖြင့် ပြန်​ဖြေ​နေကြသည်။

"ပြီး​တော့ ငါတို့ရဲ့ '​မျှော်လင့်၊ စွန့်စားတာကို ချစ်မြတ်နိုးမယ့် တည်းခို​ဆောင်' ကလူဆိုး​ကောင်​တွေကို ​နောက်​ကျောဓါးနဲ့ထိုးပြီး တစ်ဖက်မှာလည်း သူတို့ပစ္စည်း​တွေကို သိမ်းယူကြမယ်...နားလည်လား?"

"...ကျွန်​တော်တို့ အရိုးထဲအသားထဲထိ မှတ်ထားပါ့မယ်!"

"ဟုတ် ဆရာ...ဟုတ်ကဲ့ ဆရာ...ဆရာဘာ​ပြော​ပြော ရက်စ် ဆာ!"

Cale သည်မျက်​မှောင်ကြုတ်သွား၏။ တံခါး​ပေါက်က​နေမှ ထွက်လာ​သော ဓါးပြဗိုလ်​ဟောင်းသည် တစ်ချက်တွန့်တက်သွားကာ တုန်လှုပ်လာ​တော့၏။

"အလုပ်ကို တိတ်တိတ်ဆိတ်ဆိတ်လုပ်ဖို့ အားလုံးကို​ပြောထား...​ကောလဟာလဆိုတာကြွက်​တွေ၊ ငှက်​တွေမသိရ​သေးခင်မှာ​တောင် ​လျှောက်ပြန့်တတ်တဲ့အမျိုးပဲ...မင်းလည်းသိတယ်မလား?"

"ဟ-ဟုတ်ကဲ့"

ဓါးပြဗိုလ်​ဟောင်းသည် အပြင်သို့ခပ်သုတ်သုတ်ထွက်လိုက်ပြီး တံခါးအား ပိတ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Apr 29 ⏰

Add this story to your Library to get notified about new parts!

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now