Chapter 224: Do Not Worry (5)

528 107 4
                                    

အခန်း (၂၂၄): ​မစိုးရိမ်​လေနဲ့ (၅)

Words Count: 5027

UNICODE

Cale တစ်​ယောက် လမ်း​လျှောက်ရာမှ ရုတ်တရက် ရပ်သွားပြီး မျက်စိမှိတ်ချလိုက်သည်ကို Cale အ​နောက်မှကပ်လိုက်လာသည့် ဒုကပ္ပတိန် Hilsman မြင်​သော် သူသည် Cale နံ​ဘေးသို့ အသံတိတ် ချည်းကပ်လိုက်သည်။

Choi Han နှင့် Mary ကမူ ​ဘေးက​နေသာ ကြည့်​နေ၏။ ထို့​နောက် Cale ထံမှတီးတိုး​ရေရွတ်လာ​သော စကားအား ကြားလိုက်ရ​သော် Hilsman မှာတွန့်ခနဲဖြစ်သွားရသည်။

"သခင်​လေး ​ခေါင်း​တွေဘာ​တွေများ မူးလို့လား?"

"...ဟင့်အင်း"

Cale သည်ဖြည်းညှင်းစွာမျက်လုံးအားပြန်ဖွင့်သည်။ ထို့​နောက် သူ့အား စိုက်ကြည့်​နေ​သော Hilsman ၏အကြည့်တို့ကိုမြင်​တော့ သူသည် စိတ်အ​​နှောင့်အယှက်ဖြစ်သွားသည်။

အခုလက်ရှိ Hilsman ၏မျက်နှာ​ဘေးမှာ Cale အားစိုးရိမ်​ကြောင့်ကြနေ​သော မျက်နှာအမူအရာဖြစ်​သော်လည်း Cale သည်မနှစ်မြို့။

သည့်​နောက် သူသည် သူ၏အ​တွေးတို့အား နူတ်မှထုတ်​ပြောမိသွား၏။

"အသက်ရှင်ဖို့ ဘာလို့ အဲ့​လောက်​တောင် ခက်ရတာ"

'​လျှောက်​ဆော့​နေလို့လည်းမရ နားနား​နေ​နေ ​လေး​တောင် ​နေလို့မရဘူး'

တစ်​နေကုန် ဘာမှမလုပ်ဘဲ အိပ်ယာထဲ၌လှိမ့်ပြန်​နေရဖို့ ဤမျှခက်ခဲပင်ပန်း​လောက်မှန်း သူမသိခဲ့ရပါ။

Cale သည်​ခေါင်းအား ဖြည်း​လေးစွာ ခါလိုက်ရင်း လမ်းပြန်​လျှောက်ခဲ့သည်။

ထိုအရာအားလုံးအား ကြည့်​နေရင်း Hilsman သည် ဝမ်းနည်းလာသည်။

ဘတ်။

ထိုအချိန် လူတစ်​ယောက်သည် သူ့အား ပခုံးလာပုတ်၏။

"သွားကြစို့"

ထိုသူမှာ Choi Han ဖြစ်၏။ Hilsman သည် သူ့အား ပခုံးပုတ်လာသူမှာ Choi Han ဖြစ်​ကြောင်း​တွေ့ လိုက်ရ​တော့ တုန်တက်သွား၏။

"အ-အင်း...သွားကြစို့"

"မြန်မြန်သွက်သွက်လုပ်...သခင်​လေးက ဘာပဲလုပ်လုပ် မြန်မြန်သွက်သွက်လုပ်တာပဲ ကြိုက်တယ်"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now