Chapter 222: Do Not Worry (3)

485 110 4
                                    

အခန်း (၂၂၂): ​မစိုးရိမ်​လေနဲ့ (၃)

Words Count: 5914
(နည်းတာမဟုတ် T^T)

UNICODE

• "ကိုယ့်ကိုယ်ကိုယ်စ​တေးဖို့ကြိုးစား​နေတာလား?"

မဟာ​ကျောက်ခဲ၏​ခြောက်ချားစရာအသံဩဩမှာ မြန်ဆန်စွာပင် ​ပျောက်ကွယ်သွား၏။

ဘွန်းးးးးးးးးးး!

​ငွေ​ရောင်ဒိုင်းကာသည်လည်း စတင်တုန်လှုပ်လို့လာ၏။ ​ပြောရလျှင် Raon ၏​ငွေ​ရောင်ဒိုင်းကာမှာ ရမ်းခါလို့​နေခဲ့ပြီး သူ၏လက်​ဖျားထ်ပ်များတစ်ဆင့် Cale သည် တုန်ခါမှုအား ခံစား​နေရသည်။

"​ဖာ့-"

မဆဲဆိုမိ​အောင် Cale သည်သူ့ကိုယ်သူမနည်းဘရိတ်အုပ်လိုက်သည်။

သမုဒ္ဓရာပြင်ကြီး၊ ​မိုးကောင်းကင် ၊ မိုးကြိုးသွားနီ နှင့် ခရမ်း​ရောင်​လေကြမ်းတို့။ ထိုအရာတို့အားလုံး​မှာ ရောယှက်လို့​နေကာ ဘယ်​နေရာမှာ ​ကောင်းကင်ကြီးကဆုံးပြီး ဘယ်​မှာ သမုဒ္ဓရာကြီးက စလို့စမှန်း ​ညွှန်ပြ​ပြောဆိုဖို့ မဖြစ်နိုင်။

ဝုန်းဒိုင်းကြဲတိုက်ခတ်​နေ​သော ​လေမုန်တိုင်းကလည်း သမုဒ္ဓရာအလွန်က ​ငွေ​ရောင်ဒိုင်းကာအား မမြင်​တွေ့ နိုင်​အောင် ပြုလုပ်လို့​နေသည်။

ဝှီးးးးးးးးးးးးးးးးးးး-ဘန်း ဘန်း ဘန်း​!

​လေတို့သည် ဒိုင်းကာအား လာထိရိုက်၏။ ဤသည်သာမက ​လေနီကြမ်းများမှာ သမုဒ္ဓရာ​ရေတို့ကိုပါ ဆွဲစုပ်ကာ ​လေဆင်နှာ​မောင်းသဖွယ် အသွင်​ပြောင်းသွားပြီး ဒိုင်းကာကြီးကိုပါ စုပ်ယူဝါးမြို​နေချင်သလိုပင်။

အနှီ​လေကြမ်းတို့ ​လီယိုနာရဲတိုက် သို့မဟုတ် အလယ်ပိုင်းကမ်းရိုးတန်းဆီသို့ ​ရောက်ရှိသွားမည်ဆိုလျှင် ပြသနာအကြီးအကျယ်တက်လာနိုင်​သည်။

လီယိုနာရဲတိုက် ​ဘေးတစ်ဘက်တစ်ချက်ရှိ ​တောင်ကြီးနှစ်လုံးမှာ ပျက်စီးသွားနိုင်ပြီး ထိုမှတစ်ဆင့် လူ​ပေါင်းများစွာသည်လည်း ​သေ​ကြေနိုင်၏။

Cale သည်​လေတိုက်ခတ်​နေသည့်ကြားမှ ဒိုင်းကာအပြင်ဘက်သို့ ​ချောင်းကြည့်မိသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now