Cha-80

2.8K 509 28
                                    

[Unicode]

ယွီချင့်ဟွမ်မှာ သူ၏နှလုံးသားလေးတလှပ်လှပ်ခုန်နေတဲ့ခံစားချက်ကနေ ပြန်လည်သက်သာကောင်းမွန်လာတော့မှ ကုတင်ခေါင်းရင်းကိုအမှီပြုရင်း ဟော်ချွီအားဆိုလိုက်သည်။

"ယွီရှင်းကိုဖုန်းခေါ်ပြီး မင်းအတွက်ပါ စားစရာတခုခုဝယ်လာပေးဖို့‌ပြောလိုက်ဦး" 

ဟော်ချွီသည် နှုတ်ခမ်းသားများကိုဖိပိတ်ထားပြီး အနည်းငယ်တွန့်ဆုတ်နေပုံပေါ်သည်။ အခြားသူများနှင့်ပြောဆိုဆက်ဆံရန် အစပြုရာတွင် သူ အခုထိအသားမကျသေးပေ။

ယွီချင့်ဟွမ်ကိုတချက်ကြည့်လိုက်ပြီး အကြင်သူစိတ်ပြောင်းဖို့ရည်ရွယ်ချက်မရှိတာကို  မြင်တွေ့လိုက်ရမှ ရွေးချယ်စရာမရှိဘဲ ဖုန်းကောက်ကိုင်လိုက်ရတော့သည်။

“မြန်မြန်လေး” မတရားခံရသည့်ပုံပေါက်နေသည့် သူ့ဟန်အမူအရာကို သတိမထားမိသလိုပုံဖမ်းကာ ယွီချင့်ဟွမ် သူ့အားလောဆော်လိုက်သည်။

“မဟုတ်ရင် ယွီရှင်း ခဏနေပြန်ရောက်လာတော့မယ်”

“ကိုယ်သိပါပြီ” ဟော်ချွီမှ သူ့ဖုန်းကိုဖွင့်လိုက်ပြီး ယွီရှင်းကိုခေါ်တော့မည့်ဆဲဆဲ အခန်းတံခါးက ရုတ်တရက်အသံမြည်ပြီးပွင့်လာကာ မကြာခင်မှာပဲ အိတ်အကြီးကြီးတလုံးကိုသယ်ဆောင်ထားတဲ့ ယွီရှင်းဝင်ရောက်လာသည်။

ဟော်ချွီကိုမြင်လေသော် သူ့ခြေလှမ်းများရပ်တန့်သွားရပြီး “ဝေ့! ဟော်ချွီ? ဒီမှာဘာလုပ်နေတာလဲ?”

“ချင့်ဟွမ်ကိုလာတွေ့တာ" ယွီချင့်ဟွမ်က သူ့အစားဖြေပေးဖို့စိတ်ကူးမရှိတာကြောင့် ဟော်ချွီမှ သူ့ဘာသာပဲပြန်ဖြေရသည်။

“မင်းတို့နှစ်ယောက်ကတကယ်ကိုပဲ ... တပူးပူးတကပ်ကပ်နိုင်လွန်းတယ်... ငါ့သွားတွေတောင်ကျိန်းလာသလိုပဲ”

ယွီရှင်းမှာ ညည်းညည်းညူညူနှင့် သူ့လျှာကိုအသံမြည်စေကာ အိတ်ကိုဖွင့်ပြီး အထဲကပစ္စည်းများကို တစ်ခုစီထုတ်၍စားပွဲပေါ်သို့တင်သည်။

“ကော ဘာလို့ဒီလောက်မြန်မြန်ပြန်ရောက်လာတာလဲ?”

ယွီချင့်ဟွမ်က သူ့ကိုဇဝေဇဝါကြည့်လိုက်ရင်း
“ပြီးတော့ ဒီစားသောက်ဆိုင်က အပူလုံတဲ့ထမင်းဘူးတွေနဲ့တောင်ထည့်ပေးတယ်လား?”

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now