Cha-81

2.5K 539 49
                                    


[Unicode]

ယွီချင့်ဟွမ်အတွက် စိတ်ကုထုံးဆရာဝန်တစ်ယောက် ယွီရှင်း ကူရှာပေးလာ၏။ အဆိုပါဆရာဝန်အား သူ့သူငယ်ချင်းဖြစ်သူက ညွှန်းပေးလိုက်တာဖြစ်သည်။
အနှီသူမှာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှု အတော်လေးရှိပြီး အလွန်ပရော်ဖက်ရှင်နယ်ဆန်သည်။

ထိုသို့ဆိုရင်တောင်မှ သူက ထိုစိတ်ကုထုံးဆရာဝန်အား မည်သည့်အခြေအနေမျိုးမှာမဆို ယွီချင့်ဟွမ်ကုသရေးလမ်းစဉ်နှင့်ပတ်သက်၍ ဘယ်သတင်းအချက်အလက်ကိုမှ အပြင်လူများအား ထုတ်ဖော်ပြောကြားခြင်းပြုမည်မဟုတ်ကြောင်းကို အာမခံပါသည်ဟူသော လူနာအတွင်းရေးစောင့်ထိန်းခြင်းအပိုဒ်တိုတစ်ခုကိုပါ ထည့်သွင်းလက်မှတ်ရေးထိုးစေခဲ့သေးသည်။ သို့မှသာ အခက်အခဲကြားက သူနောက်ဆုံး စိတ်အေးနိုင်တာဖြစ်၏။

ယွီရှင်း၏လုပ်ရည်ကိုင်ရည်မှာ အရမ်းထူးချွန်ပြောင်မြောက်မနေသော်လည်း  ယွီချင့်ဟွမ်နှင့်ပတ်သက်သောကိစ္စရပ်များကို ကိုင်တွယ်ရာတွင်မူ သူဟာ အရမ်းကိုစေ့စပ်ပြီး အမျှော်အမြင်ရှိ၏။

စိတ်ပိုင်းဆိုင်ရာရောဂါဆိုတာ ပြစ်ချက်ကြီးတစ်ခုမဟုတ်ပေမယ့် အကယ်၍များ မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့တစ်စုံတစ်ယောက်၏ အသုံးချခြင်းခံရပါက နည်းနည်းလေးပုံသွင်းလိုက်ရုံနဲ့ တစ်ဖက်သားကိုတိုက်ခိုက်ဖို့ လက်နက်တစ်ခုဖြစ်လာနိုင်သည်။ ယွီချင့်ဟွမ်၏ အသက်မွေးဝမ်းကျောင်း မြင့်တက်နေခြင်းနှင့်အတူ သူလှမ်းသမျှခြေလှမ်းတိုင်း၌ အထူးဂရုပြုရမည်ပင်။

ယွီချင့်ဟွမ်က ဒါတွေကိုဂရုမစိုက်ပေမယ့် ယွီရှင်းကတော့ သူ့အတွက် အာရုံစိုက်ပေးရ၏။ ဒီလိုနှင့် ထိုအချိန်မှစလို့ ယွီချင့်ဟွမ်မှာ အပတ်တိုင်း ထိုဆရာဝန်နှင့် ဆွေးနွေးပြောဆိုရသည်။ သူ၏ကုသရေးမှာ အထောက်အကူပြုနိုင်ရန်အတွက် ယွီရှင်းမှာလည်း စိတ်ပညာပို့ချအတန်းများသို့ အထူးတလည်အချိန်ယူပြီး တက်ရောက်ခဲ့သည်။

Counselling လုပ်တဲ့လုပ်ငန်းစဉ်ကို လောလို့မရတာသိတဲ့အတွက် ယွီရှင်းက ကုသမှုတိုးတက်လာဖို့ကို ယွီချင့်ဟွမ်အား ဘယ်သောအခါမျှ ဖိအားမပေးခဲ့ပေ။ ရံဖန်ရံခါမှ ဆရာဝန်နှင့်ပူးပေါင်းကာ ချင့်ဟွမ်ကို သင့်တင့်လျောက်ပတ်စွာ ပရက်ရှာပေး၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now