Cha-82

2.1K 480 37
                                    

[Unicode]

ယွီချင့်ဟွမ် အစားစားပြီးနောက် တူကိုအောက်ချထားလိုက်ပြီး မေးထောက်လို့ ဟော်ချွီအားစိုက်ကြည့်နေလေသည်။ ဟော်ချွီဆီမှာပိုက်ဆံနဲ့ပတ်သက်၍ အတွေးအမြင်မရှိတာ သူသိထားသောကြောင့် ဒီနေ့အကြင်သူလုပ်ခဲ့တဲ့အရာက သူ့ကိုအထူးတလည်အံ့အားသင့်သွားစေ၏။

ထို့ပြင် ဒီလောက်ငွေအများကြီး ဟော်ချွီ မည်သည့်နေရာကရခဲ့သလဲ ဆိုတာကိုလည်း  သူအရမ်းစပ်စုချင်နေခဲ့သည်။ သုတေသနပညာရှင်အားလုံးက အရမ်းကိုမွဲတေကြတယ်လို့ မပြောကြဘူးလား?

အတွေးထဲနှစ်မြောနေပြီး စိတ်တွေပျံလွင့်နေပေမယ့် သူ့အကြည့်များက ဟော်ချွီ မျက်နှာပေါ်စူးစိုက်ကျရောက်နေတာမို့  အကြင်သူအား မျက်နာတွေနီမြန်းလာစေပြီး တူကိုကိုင်ထားနိုင်ဖို့အနိုင်နိုင်ဖြစ်စေခဲ့သည်။

“ဟော်ချွီ ” ယွီချင့်ဟွမ်မေးလိုက်၏။ 

“ဘယ်လိုဖြစ်လို့ ငါ့ဆီပိုက်ဆံတွေကောက်ခါငင်ခါလွှဲပေးရတာလဲ?”

ဟော်ချွီက သူ့ကိုကြည့်လာပြီး နှုတ်ခမ်းတွေကိုစေ့ထားလိုက်ကာ “မင်းကဆင်းရဲတယ်လို့ သူတို့ပြောကြတယ်”

သူတို့? ယွီချင့်ဟွမ် တွေးကြည့်ပြီးနောက် ဟော်ချွီ အွန်လိုင်းပေါ်မှာ တခုခုတွေ့လာတာဖြစ်ရမည်ဟု ရုတ်တရက်သဘောပေါက်သွားပြီး စိတ်ထဲမထားတော့ပေ။ အနှီသူရဲ့နားရွက်နီနီလေးများကိုကြည့်ပြီး သူကရည်ရွယ်ချက်ရှိရှိမေးလိုက်၏။

“မင်းရဲ့ပိုက်ဆံအားလုံးကို ငါ့ကိုပေးခဲ့တာလား”

ဟော်ချွီ ခေါင်းညိတ်လာသည်။ “ အမ်း ”

ယွီချင့်ဟွမ်ကပြုံးပြီး “ဒီဆိုရိုးစကားကိုကြားဖူးလား? မင်းပိုင်သမျှငါ့ဟာ ငါပိုင်သမျှလည်းငါ့ဟာပဲ”

ဟော်ချွီကမျက်မှောင်ကြုတ်၍ အတန်ကြာအတွေးနယ််ချဲ့ပြီးနောက် သူဆိုလိုရင်းကိုနားလည်ရန်အနိုင်နိုင်ဖြစ်ကာ တွန့်ဆုတ်ခြင်းမရှိဆိုလာသည်။

“အမ်း မင်းမှာရှိတာမင်းပိုင်တာ၊ ကိုယ့်မှာရှိတာလည်းမင်းပိုင်တာပဲ”

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now