EP-1

91.7K 5.8K 800
                                    

At Tokyo ( 2018 )

""၀မ်းနည်းပါတယ် ... Mr. Down ခင်ဗျားမှာ အချိန်သိပ်မကျန်တော့ဘူး""

ဆရာဝန်ကြီး၏ စကားအဆုံး Down မျက်လုံးအစုံ ပြူးကျယ်သွားသည်။ အံ့သြထိတ်လန့်သွားပေမဲ့ ထိုမျှသာ။ မျက်လွှာကို ပြန်ချလျှက် နှုတ်ခမ်းစွန်းတစ်ဖက် တွန့်ကွေးသွားသည်။ နှုတ်ခမ်းအစွန်းနှစ်ဖက် လှုပ်ရှားမိစဉ်  သွားတန်းညီညီတွေ ဖွေးခနဲ ပေါ်လာအောင် Downက အားရစွာ တဟားဟား ထ ရယ်သည်။

အခန်းတွင်း Downရဲ့ ခြောက်ကပ်ကပ် ရယ်သံတို့ ဖုံးလွှမ်းသွားသည်။

ဆရာဝန်ကြီးက Downရဲ့အပြုအမူကို ကြောင်အမ်းကြည့်နေသည်။ ဆရာဝန်သက်တမ်းတစ်လျှောက် လူနာများရဲ့ ရောဂါအခြေအနေ အကောင်း၊ အဆိုးကို အားမနာတမ်း အသိပေးခဲ့ရဖူးသည်။ သို့သော် အခု ရှေ့မှာထိုင်ရယ်နေသော ဝေဒနာဆိုးဖြင့် မကြာမှီသေတော့မည့် လူနာရဲ့ Reaction မျိုးကို မကြုံဖူးပါ။

လည်ပင်းအင်္ကျီစကို ဆွဲဆောင့်တာ၊ သွေးရူးသွေးတန်း ငိုယိုအော်ဟစ်တာ၊ အခန်းတွင်းက ပစ္စည်းတွေကို ကိုင်ပေါက်ရိုက်ခွဲတာ ... ထိုမျှလောက်သာ ကြုံခဲ့ရဖူးသည်။

အခုလို ထ အော်ရယ်သော လူနာက ပထမဆုံး။ ထိုလူနာရဲ့ ရယ်သံက ပျော်ရွှင်လွန်းလို့ မဟုတ်။ အသနားခံခြင်းလည်း မဟုတ်။ တစ်မျိုး ... ခံပြင်းစိတ်နဲ့ လှောင်ပြောင် ဟားတိုတ်ပစ်တာမျိုး။

လူနာရဲ့ ရယ်သံတိတ်ကျသွားမှ ဆရာဝန်က ကျန်ရှိနေသော စကားကို ပြန်ဆက်သည်။

""ဦးနှောက်မှာ အကြိတ်တည်နေတာ၊ နောက်ကျနေပေမဲ့ ခွဲစိတ်ဖို့ စိတ်ဆန္ဒရှိရင် ....""

""အချိန် ဘယ်လောက် ကျန်မလဲ""

လူနာရဲ့ ခပ်ပြတ်ပြတ်မေးခွန်း။

""ဒီအတိုင်းနေသွားရင် ... အလွန်ဆုံး တစ်နှစ်ပဲ""

လူနာက ခေါင်းငိုက်စိုက်ကျသွားသည်။

""ခွဲစိတ်လို့ အောင်မြင်ရင်တော့ ...""

""100% အောင်မြင်မှာလား ဒေါက်တာ""

""အဲ့ဒါကတော့ ...""

""ဒီလောက်ဆို သဘောပေါက်ပြီ၊ မရေမရာ နှစ်သိမ့်တဲ့ စကားအရှည်ကြီးတွေ နားထောင်နေဖို့ မလိုအပ်ဘူး၊ ကျေးဇူးပဲ .. ဒေါက်တာ""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWaar verhalen tot leven komen. Ontdek het nu