EP-7

34.7K 4.4K 763
                                    

""ဒီနေ့ရုံးမှာ အဆင်ပြေခဲ့လားမောင်""

ညနေ အိမ်ကိုပြန်အလာ မောင့်မျက်နှာမကောင်းသောကြောင့် မောင့် အင်္ကျီကြယ်သီးကို ဖြုတ်ပေးရင်း မ မေးလိုက်သည်။

""အင်း""

မသက်မသာသော အင်း ကို မောင် တိုတိုတုတ်တုတ် ပြန်ဖြေသည်။

မောင်က အပြင်ကိစ္စကို အပြင်မှာ ထားတတ်သူတစ်ယောက်။ အိမ်အထိ သယ်လာလေ့မရှိ။ အပြင်မှာ ဘယ်လောက်စိတ်ရှုပ်ခဲ့ပါစေ အိမ်ရောက်လျှင် အပြင်ကိစ္စမေ့ထားပြီး မိသားစုအပေါ် ရွှင်မြူးနေတတ်တာ မောင့်ရဲ့ကောင်းသောအကျင့်များစွာထဲက တစ်ခု။ ဒီနေ့မှာတော့ အပြင်က ကိစ္စကြောင့် အိမ်မှာ မောင့်မျက်နှာမရွှင်လန်း၊ မောင့် စိတ်မကြည်။

မောင့် အပေါ်ပိုင်းအင်္ကျီကို ချွတ်ပေးပြီး တဘတ်တထည် မောင့်လက်ထဲ ထည့်ပေးလိုက်သည်။

""မောင်ချိုးဖို့ရေ မ ကိုယ်တိုင် အပူအအေး စပ် ထားပေးတယ်၊ ရေစိမ်ရင်း အနားယူလိုက်နော်""

မ ကိုယ်ကို အနောက်မှ မောင် ဆွဲဖက်လိုက်သည်။ မ ပခုံးပေါ် မေးတင်လျှက် မ လည်ပင်းသားထဲ နှာတံနစ်ဝင်အောင် သိပ်သည်းသော အနမ်းတွေ အစဉ်လိုက် ပေးနေသည်။

""မောင်အရမ်းပင်ပန်းနေလို့ မောင့်အနား နေပေးပါ့လား မ""

မောင့်ကို လှည့်ကြည့်ရန် ပြင်သော်လည်း မောင်က မ ကို အလှည့်မခံ။ မ ကို အနောက်မှ ဖက်ထားပြီး မ ပခုံးသားပေါ် ဖိကပ်နမ်းရှိုက်နေသည်။

""ဟို ... ခိုနားရာလေးက ဒီနေ့ ကာကွယ်ဆေးထိုးထားလို့ အီနေတယ် မောင်..""

မောင့် ကို မ့ အခတ်အခဲ ပြောလိုက်သည်။ တကယ်လည်း ဆေးရှိန်ကြောင့် သမီးခိုနားရာလေး အီနေသည်။ မ သမီးလေး အနားမှာ ဂရုစိုက်ပေးမှ ဖြစ်မှာ။

မောင်က မ ပခုံးသား တစ်နေရာထဲကို ကြာရှည်စွာ ဖိကပ်နမ်းရင်း ခဏ ငြိမ်သက်နေသည်။ အတန်ကြာမှ ဆုပ်ကိုင်ထားသော မ လက်နှစ်ဖက်ကို လွှတ်ပြီး ကပ်ထားသော ကိုယ်နှစ်ခုကို မောင် ပြန်ခွာသည်။

""ဟုတ်ပြီ မ .. ရတယ်""

""မောင်...""

မျက်နှာချင်းဆိုင် မ ဆိုမည့် စကားတို့ကို မောင်က လက်ကာ တားပြီး

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now