EP-6

34.4K 4.2K 455
                                    

""မောင်ရယ် နှုတ်ခမ်းက တော်တော်ပေါက်နေတာပဲ""

ပိုင်စီးနှုတ်ခမ်းအနာကို လက်ချောင်းလေးဖြင့် မဝံ့မရဲ တို့ထိလျှက် မ မသက်မသာ ရေရွတ်သည်။ ရေချိုးပြီးစ အစိုဓာက်မပြယ်သေးသော မောင့်မျက်နှာပေါ် နှုတ်ခမ်းပေါက်အနာမှာ သိသိသာသာ ယောင်ရမ်းနေသည်။

""မတော်တဆ တံခါးဘောင်နဲ့ ခိုက်မိတာ၊ ဘာမှမဖြစ်ဘူး""

ပိုင်စီးပြုံးလျှက် မ လက်ဖမိုးပေါ် အနမ်းတစ်ပွင့် ညင်သာစွာ ခြွေချသည်။

""ဆေးလိမ်းဖို့ ဆေးသေတ္တာသွားယူလိုက်ဦးမယ် မောင်""

လှစ်ခနဲ ထ ထွက်သွားတော့မည့် မ ရဲ့ လက်ကို ပိုင်စီး ဖမ်းဆွဲချတော့ မ ကိုယ်က ပိုင်စီးအပေါ် ပြိုလဲကျလာသည်။

ပိုင်စီးပခုံးကို အထိတ်တလန့် ထိန်းကိုင်လျှက် မရဲ့ အဖြူထည်အကြည့်တို့က ပိုင်စီးမျက်နှာထက်။

""မောင့်နှုတ်ခမ်းက အနာကို ပျောက်စေချင်ရင် အခြားဆေးမလိုဘူး .. မ""

""ဟင်!""

""ဒီအနာပေါ် မ ပြန်နမ်းပေးမှ အရှင်း ပျောက်မှာ""

ကလူကျီစယ်ခြင်းမဟုတ်။ အလွန်အမင်း အလိုရှိစွာ ပိုင်စီးတောင်းခံသည်။

မ အနမ်းနဲ့ အဲ့ဒီကောင်လေးပေးခဲ့တဲ့ အနမ်းကို ပြန်ချေဖျတ်မယ်။ ဒါမှ အဲ့ဒီကောင်လေးရဲ့ အနမ်းကို စွဲလမ်းမိတဲ့ မောင့်အမိုက်စိတ်က အရှင်းပျောက်မှာ။

ပိုင်စီး မျက်လုံးကို မှိတ်ပြီး မ အနမ်းကို စောင့်ငံ့သည်။ အိပ်ခန်းတွင်း စားပွဲတင်နာရီ၏ မိနစ်လက်တံအရှည်က စက္ကန့်တွေကို တစ်ချက်ချက် ရွေ့လျား ကျော်ဖြတ်နေသည်။ ပိုင်စီး မျှော်လင့်သော မ အနမ်းက ပိုင့်နှုတ်ခမ်းသားပေါ် မကျရောက်လာ။

ပိုင်စီး မျက်လုံးပြန်ဖွင့်လာပြီး နှစ်ယောက် အကြည့်ဆုံသွားသည်။ မ က အနေရခတ်ဟန် မျက်နှာလွှဲသည်။ ပိုင်စီးပခုံးကိုဆုပ်ကိုင်ထားသော မ လက်ချောင်းတို့ ပူနွေးရှိန်းမြလာသည်။

အရှက်သည်းလိုက်တာ မ ရယ် ...

""မောင်ကလည်း ... အနာကို ဆေးထည့်မှ ပျောက်မှာပေါ့၊ အခုထိ ဆယ်ကျော်သက်လူငယ်လေးလို အသဲယားဖို့ကောင်းတဲ့ စကားတွေ ပြောနေတုန်းပဲ ... အဟင်း၊ မ ဟိုဖက်ခန်းမှာ ဆေးသေတ္တာသွားယူဦးမယ်၊ ရေပြောင်အောင် သုတ်ပြီး မှန်တင်ခုံပေါ် တင်ထားတဲ့ အင်္ကျီဝတ်လိုက်နော်""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now