EP-14

29.2K 3.4K 335
                                    

ပိုင်စီး အိမ်ပြန်ရောက်တော့ ည ခုနှစ်နာရီဝန်းကျင်။

နေ့လည်တည်းက ဒီအချိန်ထိ ဟိုကောင်လေးနဲ့ ကန်ဘောင်ပေါ် ဘီယာနှစ်ဗူးလောက် သောက်ခဲ့ပြီး အချိန်ဖြုန်းနေခဲ့တယ်။ ဒီလိုလုပ်တာ ဘာအပြစ်မှမထိုက်သလို လုပ်ခွင့်ရှိမယ်လို့လည်း ထင်တယ်။ ကျွန်တော် ထိုကောင်လေးအပေါ် ရိုးသားနေဆဲ။ ကျွန်တော့်မိသားစုအပေါ် သစ္စာစောင့်သိနေဆဲပဲ။

သူငယ်ချင်းမရှိလေတဲ့ ပိုင်စီး, အထီးကျန်တဲ့အချိန်မျိုးမှာ Downကို မိတ်ဆွေတစ်ယောက်အနေနဲ့ သောက်ဖော်သောက်ဖက် အဖော်ပြုသလိုပါပဲ။ ပိုင်စီးသည် လူသားတစ်ယောက်ဖြစ်၍ တခါတလေ အထီးကျန်ချိန် အနားမှာရှိပေးမဲ့ အဖော် လိုအပ်သည်။

မိသားစုမဟုတ်၊ လုပ်ဖော်ကိုင်ဖက်မဟုတ်၊ ချစ်မှု့ချစ်ရာ ပတ်သက်သောသူမဟုတ်၊ ဒီအတိုင်း ... အနားမှာရှိနေပေးမဲ့ အဖော်တစ်ယောက်။ ကိုယ့်အသိုင်းအဝိုင်းမှ မဟုတ်သောသူ၊ ကိုယ့်အကြောင်းဘာမှ မသိလေသော သူ။ ထိုသို့သော သူကို လိုအပ်သည်။ အဲ့ဒါကလည်း အထီးကျန်ချိန် တခါတလေမှပါ။

အိမ်ကိစ္စကြောင့် ပိုင်စီးတစ်ကိုယ်တည်း ဘယ်လောက် စိတ်ရှုပ်မိပါစေ၊ အသိစိတ်ကို သတိရှိရှိ တည့်မတ်သည်။ အိမ်ကို အချိန်မှီ ပြန်လာသည်။ အိမ်မှာ ပိုင်စီးအလာကို စောင့်ကြိုနေမည့် မိသားစုရှိနေသည်။ သူတို့စိတ်ပူအောင် ပိုင်စီး မလုပ်။

ပိုင်စီးကား ခြံထဲဝင်လာသည်။ အိမ်မကြီး၏ပေါ်တီကို အောက်မှာ ထွက်ကြိုနေသည့် နားရာကိုချီထားသော မ ကို မတွေ့။ ပုံမှန်နေ့တွေမှာ ခြံဝကတည်းက ကားဟွန်းတီးသံကြားသည်နှင့် မက လုပ်လက်စအလုပ်ကို ရပ်၊ နားရာကိုချီမကာ ပေါ်တီကိုအောက် အသင့်စောင့်ကြိုနေတတ်သည်။

ပိုင်စီး အိမ်ထဲ ဝင်လာသည်အထိ လူအရိပ်အခြေ မတွေ့။ မ ကို မတွေ့၊ သမီးကိုမတွေ့။ အိမ်ကြီးထဲ အလင်းရောင်ရရုံ မီးခလုတ် တစ်ချို့တလေကိုသာ ဖွင့်ထားသောကြောင့် လင်းလင်းထင်းလင်း မရှိလှ။

""မ ... မောင် ပြန်လာပြီ""

ပိုင်စီး ဖိနပ်ချွတ်ရင်း အသံပြုသည်။ ထူးခြားမှု့မရှိ။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now