EP-27

22.2K 2.9K 695
                                    

""ဗွမ်း""

Security Gate၏ အပြင်ဘက်အဖီအောက် ခုံပေါ်မှာ တည်ထားသော လျှပ်စစ်ရေနွေးအိုးကို ဆွဲယူပြီး Downမျက်နှာကို လှမ်းပတ် ...

""မမနိုင် ... နေမကောင်းဘူးလား""

မမနိုင်မျက်နှာရှေ့  Downက လက်ဖျောက်တစ်ချက်တီးလျက် မေးသောကြောင့် မမနိုင် အသိပြန်ဝင်လာသည်။

""ဟင်!""

မမနိုင်၏ ခပ်ကြောင်ကြောင် တုန့်ပြန်မှု့ ကို Downက မျက်မှောင်ကုတ်ကြည့်လျက်

""မမနိုင် နေမကောင်းဘူးလား၊ လက်တွေ တုန်နေတယ်""

မမနိုင်လက်ကို ကြည့်ကာ ပြောသောကြောင့် တဆက်ဆက်တုန်နေသော လက်ကို အနောက်မှာ ဖျက်ခနဲ ၀ှက်လိုက်သည်။

""နေ ကောင်း""

ခြောက်သွေ့သော လည်ချောင်းဝမှ အက်ကွဲသော စကားနှစ်ခွန်းကို ခက်ခက်ခဲခဲ ပြောပြီး ပေါက်ခနဲ မျက်ရည်စက ပါးပြင်ပေါ် ဖြတ်ကျသွားသည်။ ဒီနေရာက အမြန်ထွက်သွားချင်ပေမဲ့ ခြေထောက်တွေက ရွေ့ နိုင်စွမ်းအားမဲ့နေသည်။

""ငိုနေတာလား""

Downက လက်ကိုင်ပ၀ါကို လှမ်းပေးလျက် မေးပြန်သည်။

တုန်ရီနေသော လက်နဲ့ Downပေးသော ပ၀ါကို ယူလိုက်သည်။ Downပေးသော မောင်တစ်ယောက် သုံးနေကျ ပ၀ါက မ ကို ထပ်သတ်သည်။

""မ .. အသိအိမ် ခဏလာတာ၊ မ မအားသေးလို့ သွားလိုက်ဦးမယ်""

စိတ်ကို အတည်ငြိမ်ဆုံး ချူပ်တည်းကာ စကားတစ်လုံးချင်းစီကို အားယူပြောပြီး မ ကားပေါ် တတ်ခဲ့သည်။ Downဘယ်လိုကျန်ခဲ့လဲ မ မသိ။ မ သိတာ တအား ငိုချင်နေပြီ။

အိမ်ရာနှင့် ဝေးလောက်သည့် နေရာရောက်မှ လမ်းဘေးကို ကားထိုးရပ်ပြီး စတီယာရင်ပေါ် မျက်နှာမှောက်ချကာ ကားထဲမှာ ရှိုက်ကြီးတငင် အော်ငိုတော့သည်။

လက်ထဲက ပ၀ါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက် ရင်ဘတ်ကို နာနာထုသည်။

လုပ်ရက်လိုက်ကြတာ၊ ရိုင်းစိုင်းလိုက်ကြတာ။ ငါသူတို့အပေါ်မှာ ဘာများ အမှားလုပ်မိလို့ ငါ့အပေါ် သူတို့ ရက်စက်နိုင်ကြတာလဲ။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now