EP-4

38.7K 4.4K 1K
                                    

""သူဋ္ဌေးကြီး ဦးပိုင်အာဏာက သူ့သားဘဝအတွက် အဖေ့ကို စွန့်ပစ်ခဲ့တယ်၊ အဖေက အဖေ့ကို စွန့်ပစ်ခဲ့တဲ့ ဦးပိုင်အာဏာကြောင့် ကိုယ့်သားဘဝကို ဖျတ်စီးတယ်၊ အဖေချင်းအတူတူကို သားသမီးပေါ်ဖြစ်တည်မှု့ခြင်း အဖေမရှက်တတ်ဘူးလား""

At Tokyo ( 2016 )

ဖွေးဖွေးလှုပ်အောင် တဖွဲဖွဲ ကျနေသော အဖြူရောင် နှင်းတို့ဖြင့် ချမ်းအေးလွန်းသည့် Tokyo, mini စတိုးဆိုင်ထဲတွင် သတင်းအစီအစဉ်လာနေသော TVကိုဖွင့်ထားသည်။ ချောင်ကျကျ ဆိုင်ထောင့်တစ်နေရာမှာ မပြုတ်ထားသော ခေါက်ဆွဲ အစိမ်းထုတ်ကို တစ်ယောက်ထဲ တဂျွတ်ဂျွတ်ထိုင်ဝါးနေသော Minus Down။

ဆိုင်ထဲဝင်ထွက် သွားလာနေသော လူတွေကို တစ်ယောက်ချင်းစီ ငေးကြည့်ရင်း စားနေသော ခေါက်ဆွဲခြောက် လည်ချောင်းမှာစို့နင်တော့ အသင့်ချထားသော ရေဗူးထဲမှ ရေကို ဖွင့်သောက်သည်။

အမှတ်မထင် TVမှာလာနေသော သတင်းကို အကြည့်ရောက်မိစဉ် ခေါက်ဆွဲခြောက်နင်လို့ သောက်သော ရေသီးသည်။

Tokyoမှ ဒိတ်ဒိတ်ကြဲလုပ်ငန်းစုကြီးနှင့် လုပ်ငန်းအကျိုးတူပူးပေါင်းလိုက်သည့် မြန်မာနိုင်ငံမှ Panorama Group။ TVဖန်သားပြင်မှာ လက်ဆွဲ နှုတ်ဆက်နေသော ခေါင်းဆောင် လူနှစ်ယောက်ထဲမှ တစ်ယောက်ကြောင့် Down မျက်လုံးတို့အဆမတန် ပြုးကျယ်သွားသည်။

လွန်ခဲ့သောနှစ်ရက်က ... ထိုလူ။

အကြားအာရုံနားက ဂျပန်ဘာသာစကားဖြင့်ပြောသော သတင်းကို တစ်လုံးချင်းစီ စိတ်ဝင်တစား နားထောင်သည်။ အမြင်အာရုံမျက်လုံးက TVဖန်သားပြင်ပေါ် ထင်ဟပ်နေသော ပုံရိပ်တို့၏ လှုပ်ရှားမှု့ တစ်ကွက်ချင်းစီကို သေချာ ကြည့်သည်။

နားထဲမှာ အမိအရ ရှင်းရှင်းလင်းလင်း ကြားလိုက်သော နာမ်စား ...

""ပိုင်စီးအာဏာ!""

ကြားကြားချင်း ပါးစပ်က လွှတ်ခနဲ ထွက်သွားသော စကားက နားစည်ကို တဖန်ထိရိုက်ပြီး ရင်ဘတ်ထဲက နှလုံးသားက ဒိန်းခနဲ၊ ဦးနှောက်က သိလိုမှု့တွေ ...

လက်ထဲက ရေဘူးကို စားပွဲပေါ် ဆောင့်ချပြီး လူကမတ်တပ်ထရပ်ပြီးသား။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now