EP-28

24.4K 3K 735
                                    

""တမလွန်ဘ၀ကူးနယ်က ကြိုဆိုပါတယ် ကျန်းလောင်ဝေ့""

စိမ်းမြရောင်မျက်ခုံးတန်းအောက် ပတ္တမြားသွေးရောင် မျက်လုံးက စူးရှလျှက် ပန်းအငုံနှုတ်ခမ်းဖူးက ပြုံးယောင်သမ်းနေသည်။ ရွှေဖြူရောင် ၀တ်ရုံဖားဖားကြီး၏ အင်္ကျီလက်ရှည်က ငွေသားရောင် ဆံနွယ်ရှည်တို့ကို ဖြန့်ကားကာ ပြုံးမြမြအသွင်နဲ့ သေမင်းတမန်တော်။ 

""အခုဘ၀မှာ ကိုယ့်ဖက်က စေတနာထားခဲ့ပေမဲ့ ကျေးဇူးမသိတတ်လေသူ Minus Downကို အမုန်းမကြီးပါနဲ့၊ အားလုံးက ဘ၀အဆက်ဆက် ကံအကြွေးပါလာတဲ့အတိုင်း အတုံ့အလှည့် ပေးဆပ်ရယူတာချည်းပါပဲ""

နဖူးပေါ် အသားကိုထိုးထားသော သင်္ကေတအမှတ်ရာလေးက သက်တန့်ရောင်ပြေးတလက်လက်။

-------------------

ရှုပ်ပွနေသော အခန်းမှာ ပျက်စီးနေသော အပျက်အစီးများက လူနှစ်ယောက်၏ ရုန့်ရင်းဆန်ခက် အကြမ်းဖက်မှု့ ကြောင့် အကောင်းတိုင်းမရှိ။ ကုတင်ထက်မှာ လူသေ အလောင်းကောင်၊ အလောင်းကောင်အပေါ်မှာ ခွထားလျှက် လူသတ်သမား၊ အခန်းထဲ ၀င်ရောက်လာသည့် အမှု့ အခင်း၏ ပထမဦးဆုံး မျက်မြင်သက်သေက ဆီးကြိုနေသော ကုတင်ထက်က မြင်ကွင်းကြောင့် ကြမ်းခင်းပေါ် ယိုင်လဲ ထိုင်ကျလျှက်သား။

အခန်းထဲမှာ အချိန်အတန်ကြာ ပုံသေပန်းချီကားတစ်ချပ်လို ငြိမ်သက်နေရာမှာ အခန်းတွင်း လှုပ်ရှားမှု့ ရှိလာသည်။ ထိုင်ကျနေရာမှ ထ ရပ်လာသူက ပိုင်စီး။ Downအနားကို လျှောက်လာသည်။

ခေါင်းအုံးအစွန်းနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲ လက်ချောင်းသွယ်တို့ကို တစ်ချောင်းချင်း ဆွဲ ဖြုတ်ယူသည်။ ရေခဲတမျှ အေးခဲနေသော လက်ချောင်းသွယ်တို့ကို ကိုယ့်လက်ချောင်းတို့ကြား ယှက်သွယ်ကာ ကိုယ့်နဖူးနှင့် တိုက်လျှက် ယူကြုံးမရ ငိုကြွေးသည်။ ယောက်ျားတစ်ယောက် ဖြစ်သော်ငြား အခန်းတွင်း ပဲ့တင်ထပ်သွားအောင် ပိုင်စီး အော်ဟစ်ငိုသည်။

Downပါးပြင်နှစ်ဖက်ပေါ်  မျက်ရည်စီးကြောင်းတွေက တသွင်သွင် စီးကျလျှက် Downကိုယ်ကမူ လှုပ်လဲမလှုပ် အသံမထွက်။ ပိုင်စီးက Down၏ လည်တိုင်ကို ငုံ့မိုးနမ်းလျှက် Downပခုံးပေါ် ခေါင်းစိုက်ကျကာ မျက်ရည်မိုး ရွာသွန်းဖြိုးကောင်းတုန်း။ ပိုင်စီး၏ မျက်ရည်မိုးစက်တို့က Downအင်္ကျီပခုံးသားပေါ် စိမ့်ဝင်ယိုဖိတ်သည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းOpowieści tętniące życiem. Odkryj je teraz