EP-18

29.2K 3.3K 585
                                    

""ပိုင် ... လာမယ့် 23ရက်နေ့က တို့မွေးနေ့""

""ဘာလိုချင်လဲ. ကားအသစ်ပြောင်းပေးရမလား ... Mine""

Downလည်တိုင်တလျှောက်ကို အနမ်းတဖွဖွပေးနေသော ပိုင်စီးက Downနားရွက်ဖျားအနား တိုးကပ်ကာပြောသည်။ ပြောပြီးနောက် လည်တိုင်ကို ဆက်နမ်းနေသော ပိုင်စီးကို တွန်းဖယ်ကာ

""တို့ ခရီးသွားချင်တယ်""

""ခရီး? ကောင်းပြီ ဘယ်သွားချင်လဲ. ကိုယ်ခရီးသွား အေဂျင်စီစုံစမ်းပေးမယ်""

အနမ်းကိုပြန်ဆက်ရန် ပြင်နေသော ပိုင်စီးကို Downအားပါပါ ဆောင့်တွန်းလိုက်သည်။

ရင်ဟနေသော အင်္ကျီကြယ်သီးကို ပြန်စေ့တပ်ပြီး ပိုင်စီးကို လည်စောင်းကြည့်ကာ

""ဘယ်နေရာဖြစ်ဖြစ် ရတယ် ပိုင်ရှိနေရင်ပေါ့. ပိုင်နဲ့အတူသာဆို တမလွန်ခရီးကတောင် ပြည့်စုံနေမှာ""

""မဖြစ်နိုင်တာ မပြောပါနဲ့ Mine ရာ.. ခရီးသွားရင်အနည်းဆုံး အချိန်တစ်ရက် ပေးရမှာ. ငါမင်းကို အဲ့လောက် အချိန်မပေးနိုင်ဘူး""

Down ချက်ချင်းစကားပြန်မပေးနိုင်ခဲ့။ စိတ်ဆိုးမိပေမဲ့ စိတ်ဆိုးလည်း ပြန်ချော့မှာ မဟုတ်၍ ကိုယ့်စိတ်သာ ကိုယ့်ပြန်လျှော့လိုက်သည်။

""ဒီမှာ ညစာ စားသွား""

""ညစာမစားတတ်တာ မင်းသိသားနဲ့""

ပိုင်စီးကို Down မျက်မှောက်ကုတ် စိုက်ကြည့်လိုက်သည်။ နှုတ်ခမ်းဖျားကို တစ်ချက်ဖိကိုက်ပြီး

""ဒီနေ့ တို့အိပ်ပျော်သွားမှ ပိုင် ပြန်ရမယ်""

""ည ခုနှစ်နာရီကျော်လို့ မဖြစ်ဘူး""

Downရဲ့ သည်းခံစိတ်တို့ မိုင်လွန်သွားပြီ။

""ဟိုဟာလည်း မဖြစ်ဘူး၊ ဒီဟာလည်းမဖြစ်ဘူး၊ ဟိုဒီလည်း မဖြစ်ဘူး၊ တကယ်ပဲ ပိုင့်အတွက် တို့က ဘာလဲ? ပိုင် ... တို့ကို နည်းနည်းလေးမှ အားမနာဘူးလား""

ငိုသံမပါအောင် ထိန်းပြောသော အသံတိုးတိုးကြောင့် ပိုင်စီး စိတ်လေးသွားသည်။

ပိုင်စီးငေးကြည့်နေတုန်းမှာပဲ Downက လက်နှစ်ဖက်ကြားမျက်နှာကို အုပ်ကွယ်လျှက် ရှိုက်သံတွေ ဝေစည်အောင် အသံထွက်ငိုနေတော့သည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now