EP-20

27.8K 3.1K 685
                                    

ဒီတစ်ပိုင်းအတွက် ဘာမှန်းမသိတဲ့ Warning ကို ကျွန်တော်ပေးပါတယ်။
စိတ်ခိုင်မှ ဖတ်ပါ။ စိတ်အားငယ်နေတဲ့အချိန်မှာ ဒီအပိုင်းကိုဖတ်မယ်ဆိုရင် Backပြန်နှိပ်လိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။

10:00 PM

At NgweSang Beach

""သင်းချယ်ရီထွေးဆိုတဲ့ တစ်ယောက်ကို ပိုင် သိလား""

ဟိုတယ်ခန်းထဲရောက်ရောက်ချင်း အထုပ်တွေ ဖြည်နေတုန်း Down သတိရသွားပြီး မေးလိုက်သည်။

ညဝတ်အိပ်ရန် အင်္ကျီရွေးနေသည့် ပိုင်စီးက လှည့်ကြည့်လာသည်။

""သင်းချယ်ရီထွေးကို မင်းက ဘယ်လိုလုပ်သိနေတာလဲ""

""ပိုင်နဲ့တို့ကိစ္စကို အရမ်းစိတ်ဝင်စားနေပြီး ဘာအာမခံရှိလို့လဲ မသိဘူး ... အပြုအမူတွေက တရားလွန် ရဲတင်းလွန်းတယ်၊ သူက ပိုင်နဲ့ ဘယ်လိုပတ်သက်လဲ""

""ငါ့အစ်ကိုရဲ့မိန်းမ၊ စိတ်ထဲ ထည့်ထားစရာမလိုဘူး၊ မင်းသာ သူ့ရှေ့ ငါနဲ့ပတ်သက်ပြီး ကိုယ်လက်အပြုအမူ ပါးစပ်ဆင်ခြင်""

ခပ်ပြတ်ပြတ်ပြောလိုက်သော ပိုင်စီးကြောင့် ဆက်ပြောမည့် Down ကိုယ့်လျှာကိုယ် သာသာဖိကိုက်ပြီး ဆက်မပြောမိစေရန် သတိထား အရှိန်သတ်လိုက်သည်။

ပိုင်စီးပုံကို Lock screen ထားမိသည့် Downကို ပိုင်စီးဆူနိုင်သည်။ အခုခရီးကိုလည်း သူမ ရိပ်မိသွားကြောင်း ထုတ်ပြောရင် ချက်ချင်း အထုပ်ဆွဲ ရန်ကုန်ကို ပြန်နိုင်သည်။

အခုခရီးမှာ ပိုင်စီးစိတ်ရှုပ်ရမည့် အာရုံတွေ မပေးချင်။ ပိုင်စီး၏ အရာအားလုံးက မိမိအတွက်သာ ဖြစ်ရမည်။ ဒီအချိန်လေးအတွင်းမှာပေါ့။

ခပ်လှမ်းလှမ်းက စားပွဲပေါ်မှာ အားသွင်းထားသော ပိုင်စီးဖုန်းကို အကြံတစ်ခုနဲ့အတူ ငေးကြည့်လျှက်

""ပိုင် ... အိမ်ကို ဖုန်းဆက်ပြီးပြီးလား""

""အင်း ဆက်ပြီးပြီ""

မရည်ရွယ်ထားပါပဲ Downမျက်နှာ auto မဲ့သွားသည်။ မဆက်ရသေးရင် ဆက်ဖို့ သတိပေးမလို့ကို သူက သတိပေးစရာမလိုအောင် သိပ်သိတတ်နေတော့ အမြင်ကပ်မိ၏။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းحيث تعيش القصص. اكتشف الآن