EP-29

23.5K 3K 813
                                    

""ဒါက ဘယ်လိုဖြစ်ကြတာလဲ""

ပိုင်စီး၏တိုးတိုးကပ်မေးသော စကားကို မမနိုင်က မကြားယောင်ပြုသည်။ ပိုင်ဇေ၏ Wheelchairနောက်မှီကို ဆုပ်ကိုင်ထားသော မမနိုင်လက်တို့က စိတ်လှုပ်ရှားမှု့ ကြောင့် ခပ်တင်းတင်းဖြစ်နေသဖြင့် လက်ခုံသွေးကြာစိမ်းတွေ ထင်းနေသည်။

ကိုပိုင်ဇေက ဆက်ပြီး ...

""အားလုံး နားလည်မှု့ လွဲနေကြတယ် ထင်ပါတယ်၊ ကျွန်တော့်ညီပိုင်စီးက အခုစွပ်စွဲနေကြသလို မဟုတ်ပါဘူး""

အားလုံးက နားလည်ရခက်စွာ မျက်နှာအပျက်ပျက်။ 

""ကျွန်တော့်ရဲ့  ကျန်းမာရေးအခြေအနေကြောင့် လူတောမတိုးချင်တာနဲ့ လက်တလော အရာအားလုံးကို ညီငယ့်ကို အပ်ထားတာပါ၊ အဖေ့အမွေကိစ္စမှာလည်း ကျွန်တော်နဲ့ညီငယ် နှစ်ဦးသဘောတူ နားလည်မှု့ ယူထားပြီးသားပါ၊ ရှေ့ နေဦးအောင်ကျော်နဲ့က ကျွန်တော်တို့ နားလည်မှု့ လွဲသွားကြတာပါ၊ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ရဲ့  ကိစ္စကို အပြင်လူအသိမခံခဲ့တာလည်းပါတယ်၊ ကျွန်တော့်ဇနီးရဲ့  လှုပ်ရှားမှု့ တွေကို ကျွန်တော်မသိခဲ့တာကြောင့် ဒီအစည်းအဝေးမှာ အခုလိုရုပ်မပျက်အောင် အချိန်မီ မတားနိုင်ခဲ့ဘူး""

ပိုင်ဇေ၏ ဖြေရှင်းစကားကြောင့် ရှယ်ယာရှင်လူကြီးတွေက အနေရခက်သွားသည်။

သင်းချယ်ရီထွေးက သူမ အစီအစဉ်တွေကို မဖျတ်စီးဖို့ ပိုင်ဇေ့ကို ပြင်းပြသော အကြည့်တွေနဲ့ အသံတိတ် တောင်းပန်နေသည်။ သို့သော် ပိုင်ဇေက သင်းချယ်ရီထွေးဖက်ကို အကြည့်မရောက်လေသောကြောင့် သင်းချယ်ရီထွေး၏ စိုးရိမ်တောင်းပန်မှု့ တွေကို မသိကျိုးကျွံပြုကာ ဆက်ပြောသည်။

""ကျွန်တော့်ညီနဲ့ ကျွန်တော် ဆက်ဆံရေးပြေလည်ပါတယ်၊ ၀န်ကြီးဦးအောင်သိန်းအမှု့ မှာ ကျွန်တော့်ညီ တရားမ၀င်တာ ဘာမှမလုပ်ထားဘူး၊ အစ်ကိုဖြစ်သူအတွက် ကားနဲ့တိုက်ခန်းဝယ်ပေးခဲ့တာက အပြစ်လားဗျာ၊ ကျွန်တော်ပိုင်ဆိုင်မှု့  စာရင်းပြနိုင်ပါတယ်""

ရှယ်ယာရှင်လူကြီးတွေကြားထဲ စကားသံတွေဆူညံသွားသည်။ ပိုင်စီးလည်း အံ့သြသွားသည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းМесто, где живут истории. Откройте их для себя