EP-37

21.1K 2.9K 387
                                    

"မသစ်တို့များ သမီးတစ်ယောက်တည်းမွေးထားပြီး အိုဇာတာကောင်းလိုက်တာနော်"

အလှုပွဲတွင် ဆွေမျိုးတွေ ၀ိုင်းဖွဲ့ စုံနေတုန်း အမျိုးမျိုး မြှောက်ပင့်စကားများကြား ဒေါ်သစ်သစ်နိုင် မျက်နှာကြီး ပြုံးဖြီးနေသည်။

"အခုကျောင်းဆောင်သစ်လှုတာ တော်တော် အကုန်အကျများမှာပဲ၊ လှုတာများ အားရစရာကြီးပါတော်၊ သမက်ကလည်း ယောက္ခမဇာတိမှာ နှစ်တိုင်း ပါရမီဖြည့်တယ်၊ ကျူပ်သမက်နဲ့များ ကွာပါ့တော်"

"အားလုံးက သမီးလိမ္မာတော့ သမက်လည်း သားလိုပါပဲ ဟင်းဟင်း"

ဒေါ်သစ်သစ်နိုင်မှာ ပြောသာပြောလိုက်ရသည်။ မပြောအပ်သောစကားကြောင့် ပါးစပ် လေဖြန်းချင်သွားသည်။

"ကျောင်းဆောင်ကြီးက ပြိုကျတော့မဲ့ဆဲဆဲ တော်တော် ပျက်စီးနေတာလေ၊ ကျောင်းနေသံဃာတော်တွေက များသထက်များလာတော့ နေရာထိုင်ခင်း သီတင်းသုံးဖို့ အခက်အခဲလေးတွေ ရှိလာတာပေါ့၊ ဒါကို ပြုပြင်ဆောက်လုပ်လှုတာ အင်မတန်ကို မွန်မြတ်ကုသိုလ်ပါတော်"

"အေးကွယ် ... အိမ်သာတွေဆို စုတ်ပျက်နေတာပဲလေ၊ ကျောင်းဆောင်တစ်ခုလုံးမှာ အိမ်သာ သုံးလုံးပဲ လှည့်သုံးနေရတာ၊ အခု ဧည့်သည်တွေလာတော့ အားနာဖို့ကောင်းလိုက်တာကိုး"

"ဟုတ်တယ် ... ဘုန်းကြီးကျောင်း အရင်အိမ်သာဟောင်းတွေက အကုန်ကျင်းပြည့်နေပြီလေ၊ မြေကျင်းတူးထားတာဆိုတော့ မကြာခဏပဲ ပြည့်တယ်၊ အဖုံးတွေကလည်း ဖြစ်သလိုပဲလေ၊ အိမ်သာကလည်း မကောင်းတော့ အခုဆို အဲ့နား ဘယ်သူမှ မသွားကြတော့ဘူး"

"တစ်နေ့ကမှ သမီးမနိုင်က တွေ့ပြီး ပြန်ပြင်မယ်၊ အသစ်ဆောက်မယ် ပြောတယ်အေ့"

"ထပ်လောင်းပြီးသာဓုခေါ်ရမှာပေါ့တော်"

တစ်ယောက်တစ်ခွန်းပြောစကားတွေကို နားထောင်ရင်း ဒေါ်သစ်သစ်နိုင် ရယ်လိုက်သည်။ ထိုစဉ်
သမက်ဖြစ်သူက ဧည့်သည်ကောင်လေးလက်အား ဆွဲခေါ်သွားတာကို ဒေါ်သစ်သစ်နိုင် လှမ်းမြင်လိုက်သည်။

စကားဝိုင်းထဲက အသာလစ်ထွက်ခဲ့သည်။ သူတို့နှစ်ယောက်ကို မသိုးမသန့် မသင်္ကာမိတာ မနေ့ကတည်းက။ မသေချာလို့သာ ငြိမ်နေရသည်။ အခုတော့
ပုဆိုးကိုကိုယ်တိုင် ၀တ်ပေးနေသော ရွှေသမက်ငွေသမက်နှင့် ပြီတီတီအပြုံးနဲ့ကြည့်နေသော ကောင်လေးကြောင့် ဒေါ်သစ်သစ်နိုင် အထင်ခိုင်မာသွားရသည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now