EP-30

24.7K 3.2K 696
                                    

""ကျွန်မတို့ နှစ်ယောက်လုံး စွန့်ပစ်ခံလိုက်ရတာပဲ""

ကော့တေးခွက်ထဲ လက်ညှိုးထည့်မွှေလျှက် ချယ်ရီထွေးက ရီဝေေ၀ထွေနေပြီ။

""ငါနဲ့မင်း အနေအထားခြင်း မတူပါဘူး၊ ငါက သစ္စာဖောက်မိလို့ ထားပါဦး၊ မင်းကတော့ ကိုပိုင်ဇေအတွက် လုပ်ခဲ့တာလေ၊ အခုကောင်းစားသွားတာလည်း ကိုပိုင်ဇေပဲ၊ မင်းကိုတော့ ...""

ချယ်ရီထွေး ခါးသီးစွာ ရယ်သည်။ နှုတ်ခမ်းတွေက ရယ်နေပေမဲ့ မျက်ဝန်းများက ခြားနားစွာ ၀မ်းနည်းမျက်ရည် ရစ်ဝိုင်းလာသည်။

""ခံယူချက်မတူတဲ့ လူနှစ်ယောက်အတွက် ကိုယ်ပေးတာနဲ့ သူလက်ခံရရှိတာ မတူဘူး၊ ကိုယ်ပေးတာ စေတနာဖြစ်ပေမဲ့ မလိုလားတဲ့ သူ့အတွက်တော့ ဝေဒနာရတယ်၊ သူ့ကိုပေးမိတဲ့ ဝေဒနာအတွက် သူ ကျွန်မကို စိတ်ဆိုးတာ ဖြစ်သင့်ပါတယ်""

""ငါမင်းကိုချီးကျူးတယ်""

ဇွဲရန်က ချယ်ရီထွေးကော့တေးခွက်နှင့် ခွက်အချင်းချင်း ချွမ် ခနဲ တိုက်လျက် စကားဆက်သည်။

""ဘာခွန်အားမှမရှိတဲ့မင်းက ခင်ပွန်းဖြစ်သူအတွက် တရားမျှတမှု့ကို ရှာမယ်ဆိုပြီး တစ်ယောက်တည်း ရန်ကုန်ကိုရောက်လာခဲ့တယ်၊ ပိုင်စီးအာဏာနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ငါ့လိုလူကိုတောင် စိတ်ယိမ်းယိုင်သွားအောင် သိမ်သွင်းနိုင်ခဲ့တယ်၊ မိန်းမတွေ လက်သည်းထုတ်ရင် တကယ်ကြောက်ဖို့ကောင်းတာပဲ""

ချယ်ရီထွေးက ရယ်ပဲရယ်နေသည်။

""မင်းလုပ်နိုင်ခဲ့ပါတယ်၊ ကိုပိုင်ဇေသာ မင်းဖက်ကရပ်တည်ပေးခဲ့ရင် မင်းဒီလိုဖြစ်မှာမဟုတ်ဘူး၊ မင်းအားထုတ်မှု့တွေက မင်းအတွက် အသီးအပွင့်မဝေခဲ့ပေမဲ့ .. ကိုပိုင်ဇေအတွက်တော့ အရိပ်ကောင်းကောင်းရသွားပါတယ်""

""အသီးအပွင့်တွေကိုတော့ မမနိုင် စားသွားတာပေါ့၊ ကျွန်မ၊ ပိုင်စီး၊ ရှင် အားလုံး ဒီပွဲမှာ ရှုံးသွားပေမဲ့ မမနိုင်က အဆုံးသတ်မှာ ပွဲသိမ်း ဒိုင်ဝင်စားသွားတာ၊ ပိုင်စီးဖောက်ပြန်နေတာ သိသွားတော့ ပိုင်စီးကို ထပ်မပုံအောတော့ပဲ ကိုပိုင်ဇေကို ချုပ်ကိုင်ပြီး သူ့အတွက် အင်အားစုလိုက်တာ၊ တကယ်ပဲ မိန်းမတွေ ကြောက်ဖို့ကောင်းလိုက်တာနော်""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now