ဒေါနှင့်မောနှင့် ရေကူးကန်အနား ဆက်လျှောက်သွားတော့မည့် ပိုင်ဇေ့ကို
"မသွားနဲ့ ... လွှတ်ထားပေးလိုက်ပါ၊ ကိုပိုင်ဇေ ပြောလည်း ထိရောက်မှာမဟုတ်ဘူး"
မျက်ရည်ကို သုတ်ဖယ်ပြီး အေးအေးလူလူပြောနိုင်သော မမနိုင်မှာ အံ့သြထိတ်လန့် ခြောက်ခြားခြင်းမရှိ။ ပကတိ ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်လျက်။
ဒီအခြေအနေမျိုးကို အတွေ့အကြုံတွေ များလွန်းသွားလို့လား .....
တည်ငြိမ်နေသော မေ့,ကို မျက်မြင်ဖြစ်ပါလျက် စိတ်သက်သာရာ မရသွား။ မေ့ ရင်ထဲမှာ အဘယ်မျှ ပွန်းပဲ့လှိုက်စားနေမလဲ စာနာမိလိုက်ရုံ ကိုယ်နှလုံးသားကို ခြစ်နှင့် ခြစ်ချသလို ဆက်ဆက်ခါ နာကျင်ရသည်။
ပတ်ဝန်းကျင်နှင့်အဆက်ဖြတ် ဖြစ်ချင်တိုင်းဖြစ်နေသော ညီတော်မောင်ကိုလည်းကောင်း၊ အတင်းကို ဟန်ဆောင်မူပို အသဲမာချင်ယောင်ဆောင်နေသော မမနိုင်ကိုလည်းကောင်း တစ်လှည့်စီကြည့်လျက် နောက်ဆုံး မမနိုင်လက်ကို ဆွဲခေါ်လာခဲ့သည်။
"ပိုင်စီးဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ"
"လပိုင်းလောက်ပဲ ရှိပါသေးတယ်"
လက်ပိုက်လျက် အရှေ့ က ပန်းရုံကိုငေးကာ ဖြေသောမမနိုင်သည် တည်တည်ငြိမ်ငြိမ်။ ရှုးရှုးရှားရှားဖြစ်နေသော ပိုင်ဇေကသာ အလွန်အကြူး ရုပ်ပျက်နေသည်။ ဘာဆက်ပြောရမှန်းမသိ။ ပါးစပ်အဟောင်းသား အကြောင်ရိုက်သွားသည်။
"ဒီအတိုင်း ကြည့်နေရုံပဲလား၊ ဘာမှမလုပ်ဘူးလား"
"ခင်ပွန်းကို မှီခိုနေတဲ့ မိန်းမပါ၊ သူစိတ်ချမ်းသာဖို့အရေးကြီးပါတယ်၊ သူ့လုပ်စာထိုင်စားပြီး သူ့ကို အာမခံချင်ပါဘူး၊ ယောက်ျားကောင်း မောင်းမတစ်ထောင် စကားရှိသေးတာပဲ၊ မောင်းမတစ်ထောင်အစား မောင်းထီးတစ်ယောက်ပဲ ရှိတဲ့ ကျွန်မခင်ပွန်းပါ၊ အစ်ကိုအရင်းဖြစ်နေပါစေဦး ... ကျွန်မတို့အိမ်ထောင်ရေးကို လက်လွတ်စပယ် မပြောပါနဲ့"
မမနိုင် မျက်နှာထားတင်းတင်းနဲ့ ခပ်တည်တည် ပြောလိုက်သည်။
YOU ARE READING
အတိတ်တစ်ခု၏ ခြေရာကောက်ကြောင်း
浪漫This story book presented by Zawgyi & UNICODE. #Zawgyi သေမိန့်ကျပြီး လူတစ်ယောက်၏ နောက်ဆုံးဆန္ဒ #UNICODE သေမိန့်ကျပြီး လူတစ်ယောက်၏ နောက်ဆုံးဆန္ဒ Cover Design By @Gin_hotarubi