EP-47

42.1K 4K 1.1K
                                    

အခန်းကုဒ်နံပါတ်ကို ပိုင်စီး ရိုက်ထည့်သည်။ incorrect passwords ကြောင့် မျက်ခုံးတစ်ဖက် မြင့်တက်သွားသည်။ လောကြီးနေသည့် စိတ်ကြောင့် မှားရိုက်မိသလား။ ဒုတိယအကြိမ် နံပါတ်တစ်ခုချင်းစီကို သေချာ ထပ်နှိပ်ကြည့်သည်။ incorrect passwords ပဲ  ထပ်ဖြစ်နေသည်။

ဟက်ခနဲ ပိုင်စီး ရယ်လိုက်သည်။ သူ့ကို တကယ်လည်းမပြတ်နိုင်ပါဘဲ ကလေးဆန်နေသော Downအပြုအမူကို ချစ်မြတ်နိုးမိလို့။

"အခန်း passwords ပြောင်းထားတယ်ပေါ့" 

နေ ကိစ္စမရှိ။ သူပြန်ချော့နိုင်သည်။ ဒီအတောအတွင်း ပစ်ပယ်မှု့ အတွက် သူ့ကို ဒီလောက်တော့ Down စိတ်ဆိုးနိုင်ပါသည်။

ဘဲလ်ကို ဆက်ခါဆက်ခါတီးပြီး အခန်းတံခါးကို ကျောပေး၊ luggageအပေါ် ခွထိုင်လျက် တံခါးအဖွင့်ကို စောင့်နေလိုက်သည်။

အထဲက Down ဘယ်လိုပုံစံနဲ့ တံခါးလာဖွင့်မလဲ သူရင်ခုန်နေသည်။ အိပ်ချင်စိတ်မပြေသေးတဲ့ စုတ်ဖွားပုံစံလေးနဲ့ လာဖွင့်မလား၊ အနှောက်အယှက်ဖြစ်လို့များ ဂျစ်ကန်ကန်ပုံစံလေးနဲ့ လာဖွင့်မလား၊ အပြင်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ ပြင်ပြင်ဆင်ဆင်ပုံစံလေးနဲ့ လာဖွင့်မလား ...

မတွေ့ရတာ ရက်သုံးဆယ့်ခုနှစ်ရက်တိတိအကြာတွင် ဘာတွေ ပြောင်းလဲသွားမလဲ။ နဂို လည်ဂုတ်ထောက်နေတဲ့ ဆံပင်တွေ လက်တစ်ဆစ်ခန့်ပိုရှည်လာမလား၊ လက်သည်းနုနုလေးတွေ တစ်စင်တီဝက်လောက် ရှည်လာမလား။ ဘယ်လိုပုံစံပဲဖြစ်ပါစေ ထိခိုက်အနာတရမရှိရင် သူအမောပြေပါပြီ။

ဖုန်းမဆက် အကြောင်းမကြား ဘာမကြား အရိပ်အယောင်အတိတ်နိမိတ်မပေးရုတ်တရက် အခန်းရှေ့ မှာ အိတ်တစ်လုံးဆွဲလျက် သူ့ကို ဘွားခနဲ တွေ့ရင် ဘယ်လောက်အံ့သြသွားမလဲ။ အံ့သြတဲ့အမူအရာလေးက ဘယ်လိုလေးဖြစ်မလဲ၊ နှုတ်ခမ်းလေးဟပြီး ကြောင်ရပ်နေမလား။ ဒါမှမဟုတ် သူ့ရင်ခွင်ထဲ ပြေးဝင်ပြီး လွမ်းရတဲ့အကြောင်းတွေကို စီကာပတ်ကုံး ပြောလေမလား။

တဆက်တည်း Downသိပ်သွားချင်နေသော ကော့သောင်းခရီးစဉ်ကို သွားကြမယ်လို့ သူပြောလိုက်ရင်  Down ဘယ်လိုတုန့်ပြန်လာမလဲ။ မျက်ရည်တွေ ကျပြီး သူ့ကို အနမ်းတမြမြနဲ့ သိပ်ချစ်ကြောင်းတွေ ချွဲကာနွဲ့ ကာ ပြောလေမလား။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now