EP-32

25.6K 3K 505
                                    

ပိုင်စီးရုံးခန်းထဲ ၀င်လိုက်စဉ် ဧည့်သည်ထိုင်ခုံမှာ ထိုင်နေသော မမနိုင်ကို အံ့သြစွာ တွေ့သည်။

"တစ်နေရာက ပြန်လာတာလား ... မောင်"

မနေ့က အင်္ကျီနဲ့ ကပိုကရိုဖြစ်နေသော ပိုင်စီးကို လှမ်းကြည့်လျက် မမနိုင်က မေးသည်။

"အစောကြီးပဲ"

အံ့သြတုန်လှုပ်မိသည်ကို အပြင်မှာ ထုတ်မပြ၊ ပုံမှန်အနေအထားနဲ့ အလုပ်စားပွဲနားကို လျှောက်လျက် မေးလိုက်သည်။

"တစ်ညလုံး အိပ်မပျော်ခဲ့တဲ့ မ အတွက် မနက်ရှစ်နာရီက မစောပါဘူး၊ မောင်ရော ဟိုတယ်ခန်းမှာ သက်တောင့်သက်သာ မအိပ်ခဲ့ရဘူးလား"

"မ, အခု ဘယ်လိုသံသယနဲ့ မေးနေလဲ မောင် သိတယ်၊ မနက်စောစော မောင် စိတ်မတိုချင်ဘူး မ"

လမ်းမှာ ၀င်ဝယ်လာသော အင်္ကျီသစ်ကိုလဲရန် ကြယ်သီးကို ဆောင့်ခါ ဆွဲဖြုတ်လိုက်သည်။ 

"ကြယ်သီးကို ဖြည်းဖြည်းသက်သာ ဖြုတ်ပါ မောင်၊ ကြယ်သီးက မ, မှ မဟုတ်တာ"

"တောက်!" 

ပိုင်စီး၏ တက်ခေါက်သံ ပြင်းပြင်းက တတ်နိုင်သမျှ စိတ်ထိန်းနေသော မမနိုင် စိတ်ကို ဆွသည်။ ပိုင်စီးအနားကို ချက်ချင်း ရောက်သွားပြီး ကျောပေးလှည့်ထားသော ပိုင်စီးကို မျက်နှာချင်းဆိုင်စေသည်။

"မောင် ဘာဖြစ်နေတာလဲ၊ မောင် ဘာဖြစ်ချင်နေလဲ ကျွန်မ ကို ပြော"

ပိုင်စီးက ဆုံလည်ထိုင်ခုံကို ဆောင့်ကန်လျက်

"မင်းကသာ ဘာဖြစ်နေတာလဲ၊ ငါ့ကို မယုံလို့ အခု င့ါအလုပ်ခွင်အထိ လိုက်ထောက်လှမ်း စစ်ဆေးနေတာမဟုတ်လား၊ ငါ ဒီမှာ အိပ်လား မအိပ်လား မင်းစိတ်ထဲ တနုန့်နုန့်ဖြစ်နေလို့ တစ်ညလုံး မင်း အိပ်မပျော်ပဲ မနက်စောစော ဒီကို ရောက်ချလာတာလေ၊ ယောက်ျားကို သံသယတွေနဲ့ စစ်လားဆေးလား လုပ်နေတဲ့ မင်းလုပ်ရပ်တွေက သည်းခံချင်စရာကောင်းနေလား"

ရှုးရှုးရှားရှား မ,ထက် အရင် စိတ်ကြီးပြနေသော မောင့်ကို ပါးစပ်အဟောင်းသား ကြည့်နေမိသည်။

ဒီယောက်ျား တော်တော် လွန်နေပြီ။ သူက ဘာတွေများ မှန်နေလို့ ...

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now