EP-24

24.3K 2.8K 486
                                    

EXAM ARE COMING DO NOT FORGET

""၀ူး .. လေယာဉ်ပျံကြီး ပျံလာပြီ၊ မင်းသမီးလေး ခိုနားရာ စီးနှင်းလာတဲ့ လေယာဉ်ပျံကြီး မကြာခင် မြေပြင်ကို ဆိုက်ကပ်ပါတော့မယ်၊ ၀ူး  ... ၀ရော""

ပိုင်စီးက နားရာကို ပွေ့ချီလျက် လေပေါ် မြှောက် ကစားနေသည်။ ပိုင်စီးလက်ထဲမှာ နားရာက ပျော်လွန်းလို့ တခိခိရယ်သံလေးများ ဆူဝေနေသည်။

""ဗုန်း ... ခဏ နားဦး ဖေဖေ ညောင်းသွားပြီ""

နားရာကို အောက်ချပေးသော်လည်း နားရာက ပိုင်စီးကို ကုတ်ဖက်ထားသေးတာကြောင့် နားရာ မဆင်းချင်သေးမှန်း ပိုင်စီးသိလိုက်သည်။

သမီးကို ပခုံးပေါ် ပွေ့တင်ထားလျက် ဟိုလျှောက်ဒီလျှောက်ရင်း သမီးကျောကို လက်ချောင်းတွေနဲ့ ကုတ်ပွတ်ပေးနေသည်။

အလုပ်ကအပြန် အိတ်ချပြီး အင်္ကျီ မလဲနိုင်သေးပဲ သမီးဖြစ်သူနှင့် အရင် ကစားပေးနေခဲ့သည်။ ဘောင်းဘီအိပ်ကပ်ထဲရှိ ဖုန်းက Message alarm ၀င်လာသောကြောင့် သမီးကို ပွေ့ချီထားလျက် ပိုင်စီး ဖုန်းကို ထုတ်ကြည့်လိုက်သည်။

Downက WeChat မှာ tiktok video ပို့ခြင်းဖြစ်သည်။

အခုခေတ်စားနေသော မြောင်မြောင်သီချင်းနဲ့ ကြောင်မြီး ကြောင်နှုတ်ခမ်းမွှေးပုံစံ Downရဲ့  tiktok Videoက အသဲခိုက်စရာ။

ပိုင်စီး အသဲယားစွာ ရယ်လျက် သုံးခါထက်မနည်း အပြန်ပြန်အလှန်လှန်ကြည့်နေတုန်း လက်ပေါ်က သမီးနားရာကပါ ဖုန်းကို လှည့်ကြည့်လာသည်။

နားရာက ဖုန်းကို အတင်းဆွဲလုနေသောကြောင့်

""ဘာလို့လဲ ဘာလို့လဲ ဖေ့ ခိုနားရာလေးပါ ကြည့်ချင်လို့လား .. ဦးဦးကို""

သားအဖနှစ်ယောက် Downရဲ့  မြောင်မြောင် tiktok Video ကို သဘောကျစွာ ကြည့်နေသည်။
နားရာကလည်း မြောင် မြောင် မြောင် အသံထွက်လို့ ...

""ဦးဦးက ချောတယ်မဟုတ်လား၊ တွေ့ချင်လား ဦးဦးကို၊ ဖေဖေက ကြုံရင် ဦးဦးနဲ့နားရာလေးကို တွေ့ပေးမယ်နော်""

သမီးငယ်မျက်နှာကို တမွမွနဲ့ မွှေးကြူလိုက်သည်။ နားရာက Downရဲ့  Video ကို နှစ်ခြိုက်စွာ ကြည့်နေတုန်း

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now