EP-8

30.1K 3.6K 488
                                    

သွေးပေနေသောလက်က ပိတ်စအဖြူကို ကြမ်းပေါ် တောတ်လျှောက် တရွတ်တိုတ်ဆွဲလျှက် ခမ်းနားလှသော Panorama ဟိုတယ်ထဲကို Down တရွေ့ရွေ့ ဝင်လာသည်။ Down ပုံစံက မြင်ရသူအဖို့ သွေးပျက်ထိတ်လန့်စရာ။

""ဟိုဆိုက်ကိုက ဘယ်က ထွက်လာတာလဲ၊ အခြားဧည့်သည်တွေ မမြင်ခင် သွားဆွဲစမ်း""

ဂျာကြီးဦးမြင့်အေး၏ ကြိမ်းမောင်းသံကြာင့် Reception မှာ စကားပြောနေသော Bell Boy ဝန်ထမ်း သုံးယောက် ပြာပြာသလဲ Downအနားကို ရောက်သွားသည်။

""ဧည့်သည် ... ဒီလို နေလို့မရပါဘူး""

Downလက်ထဲက ပိတ်စရှည်ကို အတင်းဆွဲယူသည်။ ပိတ်စဖြူမှာ စွန်းထင်းနေသော စိုစွတ်စွတ်အနီများက လူ့ခန္ဓာကိုယ်မှ ထွက်သော သွေးတော့ မဟုတ်ပါစေနဲ့။

Bell Boy ကောင်လေး၏ ဆုတောင်းတို့ မပြည့်။ Downလက်ဖဝါး ကွဲကြောင်းအရာမှ တစိမ့်စိမ့်ထွက်နေသော သွေးတို့က လူကို မူးလဲမေ့မောမတတ်။

လာဆွဲသော ဝန်ထမ်းကောင်လေး သုံးယောက်ကို Downက အသက်မပါသူလို ရီဝေဝေမျက်ဝန်းများဖြင့် တစ်လှည့်စီ ငေးကြည့်သည်။

ပိုင့် ဟိုတယ်မှာ သတ်သေဖို့ Downမရဲ။ သူ့ဟိုတယ်မှာ သတ်သေရင် သူ့ဟိုတယ်ကို နာမည်ဖျတ်ရကောင်းလား ဒေါသတွေနဲ့ Down ဝိဥာဉ်ကိုတောင် အလွတ်ပေးမှာ မဟုတ်သည့် ပိုင့်ကြောင့် လူအရောက်သူအရောက်နည်းသည့် ဟိုတယ်ဂိုဒေါင်ပျက်ထဲ အဆုံးသတ်ဖို့ ကြံရွယ်ခဲ့သည်။

Piggyဆိုသည်မှာ သေတာတောင် ပိုင့်အတွက် ငဲ့ကွက်ခြင်းများဖြင့် ...

ကိုယ့်သိတတ်မှု့ကို ကိုယ် ပြန်တွေးပြီး Down စိတ်ပျက်စွာ ရယ်မိသည်။ ထိုခြောက်ကပ်ကပ်ရယ်မောခြင်း အဓိပ္ပာယ်ကို နားမလည်သော ဝန်ထမ်းကောင်လေးတွေက သေချာပေါက် Downကို ဆိုက်ကိုအရူးတစ်ယောက်လို ကြတ်သီးထမိမှာ။

""အခန်းကို ပို့ပေး၊ တို့ အရမ်းပင်ပန်းနေပြီ""

ဝန်ထမ်းများရဲ့ လမ်းပြမှု့နောက် လိုက်ရန် ပြင်နေသည့် Downခြေလှမ်းတို့သည် ဓာက်လှေကားခန်းထဲမှ ထွက်လာသော မိသားစုတစ်ခုကြောင့် ရပ်တန့်သွားသည်။
Down၏ နွမ်းနယ်နေသော မျက်နှာထက် ခတ်ထန်ခြင်း လှိုင်း ပုတ်ခက်သွားသည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now