EP-12

29.2K 3.9K 790
                                    

""တူး ... တူ ... ရေး ... ဝါး .... ဖေ .. ဖေ""

ပိုင်စီးမျက်လုံးကို လက်ဖဝါးသေးသေးလေးနှစ်ဖက် အုပ်ကွယ်လျှက် တစ်လုံးချင်း ရေရွတ်နေသော နားရာလေးကြောင့် ပိုင်စီးသွားအဖြီးသား ရယ်နေသည်။

""ဝါး""

နားရာလေးလက်ကို ပိုင်စီး ဆွဲဖယ်လျှက် အသံကျယ်ကြီး ဝါး တော့ နားရာလေးက ခိုးခိုးခိခိ ရယ်မဆုံး။

ဖြစ်စဉ်အပြီး ကလေးက အရမ်းလန့်သွားလို့ စကားမပြော၊ လူကြောက်သွားသည်။ နောက်ပိုင်း မိဘတွေရဲ့နွေးထွေးကြင်နာမှု့နှင့် သင်ပြမှု့တွေကြောင့် တစ်လအတွင်း နားရာလေး ပုံမှန်အတိုင်း ဖွံ့ဖြိုးမှု့တိုးတတ်လာသည်။ စကားတွေ ပြန်ပြောပြီး ရွှင်ရွှင်ပျပျ ပြန်ဖြစ်လာသည်။

ကျေးဇူးတင်ပါတယ် ... ဖေဖေ့ရဲ့ ခိုနားရာလေး။ ဒီလိုလေး ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်း ကြီးပြင်းလာပေးပါ။

နားရာလေးကို ပိုင်စီးရင်ခွင်ထဲထည့် ပွေ့ဖက်လိုက်သည်။ နားရာလေးက ပိုင်စီးထက် အကစား မင်နေသည်။ ပိုင်စီးလက်ထဲက ရုန်းထွက်ကာ ကုတင်ပေါ်က လုံးတုံးလုံးတုံးဆင်းလျှောက်သွားပြီး အရုပ်တွေနဲ့ ဆော့နေသည်။

""မောင် ... ထိုင်မနေနဲ့တော့၊ အလုပ်နောက်ကျတော့မယ်""

မ က ပိုင်စီးကို နက်ကတိုင် စီးနှောင်ပေးသည်။ မ ပါးတစ်ဖက်ကို အငိုက် ဖမ်း နမ်းလိုက်သည်။ မ က သမီးလေးကို ပြူးကြည့်ကာ ပိုင်စီး ရင်ဘက်ကို မနာအောင် လက်သီးဖွဖွလေး ထုသည်။

""ဖေဖေ ခိုနားရာလေး ... ဖေဖေ အလုပ်သွားတော့မယ်။ ဖေဖေ ပိုက်ဆံတွေ အများကြီး သွားရှာဦးမယ်။ အာဘွားပေး""

ကစားနေသော နားရာလေးအနားသွားပြီး ပါးတစ်ဖက် အတင်းထိုးကပ်ပေးနေသည်။ နားရာလေးက ဝတ္တရားရှိသည့်အတိုင်း နှုတ်ခမ်းနှင့် ပိုင်စီးပါးကို ကပ်ရုံကပ်ပြီး အရုပ်မတွေနဲ့ ပြန်အလုပ်ရှုပ်နေသည်။ ပိုင်စီးကို သေချာမကြည့်၊ အာရုံမရောက်။ ပိုင်စီးက မကျေနပ်။

""ဖေဖေ့ကို ချစ်လား နားရာ""

""ချစ် .. ချစ်""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းМесто, где живут истории. Откройте их для себя