EP-39

21.3K 3.1K 551
                                    

"သား .. ဘာမှမကြောက်နဲ့၊ အမေတို့က သားလေးကို အားလုံး ကာကွယ်ပေးမယ်၊  ဟိုဘက်ကကောင်တွေကို မင်းအဖေဖြေရှင်းပြီးပြီ၊ ၀လုံးလေးအတွက် မင်းအစ်ကိုကို အမေ အကောင်းဆုံး ဂရုစိုက်စီစဉ်ပေးဖို့ ပြောထားတယ်၊ သားဘက်က အမေတို့အတွက် ကြိုးစားပြီး ဆေးဖြတ်ပေးပါ၊ အရမ်းနောက်မကျခင် သားကို ဘ၀သစ်စတာ အမေမြင်ချင်တယ်ကွယ်၊ အမေတို့ အားနည်းချက်ကြောင့် အမေ့သားက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုဆေးသမားဖြစ်ရတာ၊ ၀လုံးကလေးကို သားက တမင်ဖျက်စီးခဲ့တာမဟုတ်ဘူး၊ ဒီမူးယစ်ဆေးကြောင့် ၀လုံးကလေးက ပျက်စီးသွားရတာ၊ အဲ့တုန်းက သားမှာ အသိစိတ်မရှိခဲ့ဘူး၊ သားအပြစ်မဟုတ်ဘူး၊ မလွယ်ကူပေမဲ့ အမေတို့အတွက် ဒီဆေးကြောင့် နစ်နာခဲ့ရတဲ့ ၀လုံးကလေးအတွက် သားလေး ဒီမူးယစ်နွံထဲက ရုန်းထွက်ပေးပါကွယ်"

ဆေးရုံကုတင်ထက် ကောင်လေးတစ်ယောက်က မျက်လုံးအိမ်အကြောင်သားနဲ့ ဂယောင်ခြောက်ခြားညည်းညူကာ တကိုယ်လုံး တုန်ယင်နေသည်။ ကောင်လေး၏ မွဲခြောက်ခြောက် အသားအရေပေါ် အပ်ပေါက်ရာ ဗရပွ လက်ကောက်ဝတ်ကို အသာဖိနှိပ်ကာ သူ၏မိခင်က ငိုကြွေးနေသည်။

ထိုကောင်လေး၏ မျက်ကွင်းနှစ်စုံက သိသိသာသာ ညိုမည်းနေလျက် နှုတ်ခမ်းသားတွေ အက်ကွဲခြောက်သွေ့နေသည်။ ဆံပင်ဘုတ်သိုက်က ပွယောင်းလျက် အသက်ဆယ့်ရှစ်နှစ်ကျောင်းသားဖြစ်သော်လည်း နုပျိုလန်းဆန်းမှု့ မရှိ။ မူးယစ်နတ်ဆိုးအောက် လုံးလုံးကျရှုံးနေသော မူးယစ်ကျေးကျွန်ဖြစ်နေသည်။

>>>

"ကြည့်ပါဦး ... ဘယ်လောက်စိတ်တိုတိုပေါ့၊ ကိုယ့်ညီကို ကိုယ်ထိလက်ရောက်လုပ်စရာလား"

"အစ်ကိုပိုင်ဇေက မမနိုင်နဲ့ပတ်သက်ရင် အဲ့လိုပဲ"

လေသံက ပြတ်သားသည်။

"အေးနော်၊ မမနိုင်​ကိုကြည့်​တဲ့ သူ့အကြည့်တွေက အရမ်းအသက်​ဝင်​တယ်​၊ သူတို့ အရမ်းချစ်​ခဲ့ကြမှာပဲ"

နှုတ်ခမ်းက ပေါက်ပြဲရာကို ဆေးလိမ်းပေးချင်သော်လည်း လိမ်းစရာဆေးက အဆင်သင့်မရှိ။ တဘတ်နဲ့သာ ခပ်ဖွဖွ တို့လိုက်ပြီး ကုတင်ပေါ်ထိုင်နေသောသူ့ကို ရင်ခွင်ထဲထည့်ကာ ဒူးထောက်လျက် အပေါ်စီးမှ ရေစိုနေဆဲဖြစ်သော ဆံပင်ကို သဘတ်နဲ့သုတ်ပေးလိုက်သည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now