EP-19

27.3K 3.2K 357
                                    

Panorama Hotel Barမှာ ဇွဲရန်နှင့်ချယ်ရီထွေး အတူ ထိုင်နေသည်။

ချယ်ရီထွေးက ကုန်ပြီးသော ဇွဲရန်၏ဖန်ခွက်လွတ်ထဲကို ဝီစကီအရည်ငှဲ့ပေးလျှက်

""ကိုဇွဲရန်က လေးစားဖို့ကောင်းအောင် တော်လွန်းတာပဲ""

""ဘာလို့လဲ""

ဝီစကီအချို့ ဝင်ပြီးသော ဇွဲရန်မျက်လုံးငွေ့က ရီဝေဝေမော့ကြည့်လာသည်။

""ပိုင်စီးရဲ့ ယုံကြည်အားကိုးရသော လက်ရုံးမဟုတ်လား၊ ပိုင်စီးက လူတိုင်းနဲ့အဆင်ပြေတာ မဟုတ်ဘူးလေ၊ နှစ်တွေအများကြီး အဲ့လိုလူရဲ့ အနီးကပ် လက်ရုံးဖြစ်နိုင်ဖို့က တော်ရုံအရည်အချင်း မဟုတ်ဘူး""

""ပိုင်စီးအာဏာရဲ့ လက်ရုံးတောင် တော်ရုံမဟုတ်ရင် ပိုင်စီးအာဏာလိုဖြစ်ဖို့က စိတ်ကူး မယဉ်ဝံ့လောက်အောင် ကြီးကျယ်ခမ်းနားသလား""

ခပ်ရွဲ့ရွဲ့ပြောပြီး ခါးသက်သက် ဝီစကီကို တစ်ငုံငုံလိုက်သည်။

""ကိုဇွဲရန်က ဘာဖြစ်ချင်တာလဲ၊ ပိုင်စီးရဲ့လက်ရုံးမဟုတ်ဘူးလား၊ ဧကန္တ ... ပိုင်စီးလို ဖြစ်ချင်နေတာလား""

မပြောသင့်သော စကားကို တမင်နှိုးဆွ ပြောပြီးမှ အထိတ်တလန့်ဟန် နှုတ်ခမ်းကို လက်အုပ်တာက အိုက်တင်လေးနဲ့ ...

""ဘာလဲ ... မဖြစ်နိုင်ဘူးလား. အဲ့ဒါက အရမ်းခက်ခဲနေလား!""

ဇွဲရန်က ဖန်ခွက်ကို ပစ်ပေါက်လိုက်သည်။

""ဘယ်ဖြစ်နိုင်မလဲ... မဖြစ်နိုင်ဘူး၊ ပိုင်စီးက ပိုင်စီးပဲ၊ ကိုဇွဲရန်က ဘယ်တော့မှ ပိုင်စီး မဖြစ်နိုင်ဘူး""

ဇွဲရန်၏ အကြည့်စူးစူးကို တန်ပြန်ကြည့်လျှက် အနားတိုးကပ်လာသည်။

""Panoramaပိုင်ရှင်တော့ ဖြစ်လာနိုင်ပါတယ် . ကိုဇွဲရန်""

""ဘာ""

""ကျွန်မတို့ Panoramaရဲ့ ပိုင်ရှင် ဖြစ်လာနိုင်ပါတယ်""

ချယ်ရီထွေးက ဇွဲရန်လက်ကို ခင်တင်းတင်း ဆုပ်ကိုင်လာသည်။

""ပိုင်စီးအာဏာက ဘာမှမဟုတ်ဘူး၊ သူ့မှာ Panoramaသာမရှိရင် သူလည်း လူထဲက လူပဲ၊ ဘာမှမထူးခြားဘူး၊ ဇွဲရန်က ပိုင်စီးလိုဖြစ်ချင်နေတာမဟုတ်ပါဘူး၊ Panoramaရဲ့ ဥက္ကဋ္ဌကြီးဖြစ်ချင်နေတာပါ၊ ပိုင်စီးက ဘာမှ တန်ဖိုးမရှိဘူး၊ Panoramaကသာ တန်ဖိုးရှိတာ""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now