EP-25

23.7K 2.8K 523
                                    

ကျန်းလောင်ဝေ့ရဲ့ အခန်းကို Downကအ၀င်၊ အခန်းထဲမှ ထွက်လာသော သင်းချယ်ရီထွေးနှင့် ဆုံသည်။
သင်းချယ်ရီထွေးက Downကို တစ်ချက်သာကြည့်ပြီး ထွက်သွားသည်။

အကြည့်ကိုက ပမာမခန့်နဲ့ ဆောင့်ကန်ချင်စရာ။ ကိုယ်ကသာ သူများကို ထိုသို့သော အကြည့်နဲ့ ကြည့်သည်။ ကိုယ့်ကိုလာကြည့်ရင် စိတ်ထဲဖျင်းခနဲ ဗျင်းခနဲ။

ကျန်းမာရေးမကောင်းသူမိုလို့လားမသိ။ အသေးအဖွဲ သူတစ်ပါးက ကိုယ့်ကိုလာကြည့်သည့် အကြည့်တွေကပါအစ စိတ်တိုသည်။ ကိုယ့်ကိုယ်ကိုယ်လည်း အားမရ၊ သူများကိုလည်း စိတ်တိုင်းမကျ။ အကျိုးဆက်က ထောင့်မကျိုး ဂျစ်ကန့်ကန့်နဲ့ အရာတိုင်းကို ကန့်လန့်တိုက်ချင်လာသည်။ 

""ခုနက မိန်းမက ဘဲကြီးအခန်းကို ဘာလာလုပ်တာလဲ""

Downက သင်းချယ်ရီထွေးကို နှစ်လိုခြင်းမရှိခြင်းနဲ့ ကျန်းလောင်ဝေ့ကို ဆောင့်ဆောင့်အောင်အော့င့် မေးသည်။

""Room Service လာပေးတာ""

Downဘာမှ ဆက်မပြောပဲ မျက်နှာဆူပုတ်လျက် အိပ်ရာပေါ်  ၀င်လှဲအိပ်သည်။ ကျန်းလောင်ဝေ့က ညနေစာလား၊ ညစာလားမသဲကွဲသော ထမင်းကို စားနေသည်။

""အဲ့တစ်ယောက်က ပိုင့်အစ်ကိုရဲ့  မိန်းမဆို ... ပိုင်နဲ့တည့်ပုံမရဘူး၊ ပိုင်နဲ့မတည့်ပေမဲ့ ဘဲကြီးကိုတော့ service ပေးကောင်းသားပဲ""

အစိုးမရသော Downစိတ်က အိပ်ရာပေါ် ငေါက်ခနဲ ထ ထိုင်ပြီး စီးကရက်ကို မီးညှိနေသည်။

""ပိုင်စီးက မနိုင်နဲ့ပတ်သက်ရင် ဘယ်သူနဲ့မှ မတည့်တာ""

""ပိုင့်အစ်ကိုရဲ့ မိန်းမပါဆိုနေမှ ပိုင်နဲ့ပဲ ပတ်သက်မှာပေါ့၊ ဘာလို့ မေမမနိုင်နဲ့ ပတ်သက်ရမှာလဲ""

""မနိုင်က ပိုင်စီးအစ်ကိုနဲ့အရင်ဆုံး ချစ်သူဖြစ်တာလေ၊ ပိုင်စီးက အစ်ကိုဖြစ်သူဆီက အားလုံးကို သိမ်းကြုံးလုယူထားတာ၊ အဲ့ဒါကြောင့် အခုထိ သူ့အစ်ကိုမိသားစုနဲ့သူ အဆင်မပြေတာ၊ ကာယကံရှင်တွေက တည်ငြိမ်သွားရင်တောင် ပိုင်စီးကတော့ သူ့အပြစ်နဲ့သူ ဘယ်သူ့ကိုမှ အမြင်ကြည်နိုင်မှာ မဟုတ်ဘူး""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now