EP-21

27.5K 3.1K 820
                                    

""Down! စက်လှေမရှိတော့ဘူး""

ကျွန်းပေါ်က ခြေတံရှည်တဲအိမ်လေးထဲ ဝင်ကြည့်နေတုန်းခဏ ပြန်ထွက်လာတော့ စက်လှေက မရှိတော့။

ပိုင်စီးခေါင်းမီးတောက်သွားသလောက် Downက အေးဆေးတည်ငြိမ်စွာ အနောက်မှာ ခပ်အေးအေး လက်ပိုက်လျှက် ပင်လယ်ပြင်ကိုငေးနေသည်။ Downကို ပိုင်စီး သံသယမျက်လုံးနဲ့ ကြည့်လာသည်။

""Down ... မင်း ... တမင်""

ပိုင်စီးကို ပြန်ကြည့်လာသည့် Downအကြည့်တွေက မထုံတတ်တေး။ ပိုင်စီး အံ့သြစိတ်ကြောင့် မှင်သက်မိစဉ် ရင်ခွင်ထဲတိုးဝင်လာသည်။

ဒီကောင်လေးကို သူဒီလောက် အလိုလိုက်ထားပါလျက် ဘာလို့များ အခုလို လုပ်ရပြန်တာလဲ...

""ရန်ကုန်ကို ပြန်ရောက်ရင် ၁၅ရက်ကြာမှ တစ်ခါ ထပ်ခေါ်မှာမလား၊ ထမင်းတောင် အတူမစားပေးနိုင်ပဲ တစ်ယောက်တည်း ပစ်ထားခဲ့ဦးမယ်၊ စက်လှေကို မနက်ဖြန် ပြန်လာခေါ်ဖို့ မှာထားတယ်၊ ဒီညတော့ ဒီမှာ ဆက်နေရအောင်""

ဆူအောင့်အောင့်ပြောနေပုံက သူဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်ချင်ရာလုပ်ထားပြီး ပိုင်စီး ဆူမှာကိုလည်း မမှု့သည့်ဟန်။

ပိုင်စီးတစ်ယောက် ဘာမှပြန်မပြောနိုင်အောင် တုန်လှုပ်ဆွံ့အနေသည်။ စိတ်ဆိုးရအခက်၊ စိတ်မဆိုးရအခက် အခြေအနေမှာ ပိုင်စီး လည်တိုင်ကို လက်ချိတ် ဆွဲငုံ့ယူလျက် Down၏ အနုကြမ်းစီးခြင်းကို ခံလိုက်ရသည်။

Downခြေဖျားထောက်လိုက်ခြင်းနောက် ပိုင်စီးကိုယ်က အလိုက်သင့် ကိုင်းညွှတ်လာသည်။ Down နှုတ်ခမ်းနုနုထွေးထွေး၏ ချော့မော့နှစ်သိမ့်အသနားခံခြင်းကို စိတ်မဆိုးရက်စွာ ကြည်ကြည်ဖြူဖြူု လက်ခံလိုက်ရတော့သည်။

မင်း သိပ်ဆိုးတယ် Mine ...

ငွေရောင်လှိုင်းလုံးနဲ့ အတွန့်ဖော်တန်ဆာဆင်ထားသော ပင်လယ်ကြီးကို ခြံရံလျက် သဘာဝဆန်သော ကျွန်းရိုင်းပေါ် စွဲလမ်းတိမ်းမူးစေသော အနမ်းရှရှတို့ကို ရေးထွင်းမှတ်တမ်းချန်ခဲ့သည်။

--------------

မနက်က အဆက်အသွယ်ရခဲ့သော ဇွဲရန်ဖုန်းက အခုချိန်မှာ ဆက်သွယ်မှု့ဧရိယာပြင်ပအော်နေသည်။ တစ်ညကုန်လို့ တစ်နေ,ဝင်လုပြီ။ ညနေစောင်းသည်အထိ မောင့်သတင်း ဘာဆိုဘာမှ မကြားရသေး။ ဘယ်မှာတည်းမလဲ မမေးမိသော ကိုယ့်ကိုယ်ကိုသာ ထုထောင်းချင်တော့သည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now