EP-26

22K 2.9K 689
                                    

""ပိုင့်ကို ကူညီပေး ... ဘဲကြီး ကူညီနိုင်တာ တို့ သိတယ်""

နောက်က တကောက်ကောက်လိုက်ပြီး တဂျီဂျီပြောနေသည်က မုန့်လိုက်တောင်းနေသည့် ကလေးနှယ်။ ကလေးချစ်တတ်သူ ကိုယ်က လိုက်လျောလိုက်ချင်ပါသော်လည်း သူတောင်းနေတာက မုန့်မဟုတ်။

""ကိုယ်ကူညီနိုင်မဲ့ ကိစ္စဖြစ်ရင် ပိုင်စီးကရော မလုပ်နိုင်ဘူးထင်နေလား၊ အခုကိစ္စက ပိုင်စီးတောင် မတတ်နိုင်လို့ ဒီလိုဖြစ်နေတာ ကိုယ့်လိုအဘိုးကြီးက ဘယ်အစွမ်းအစနဲ့ ကူညီနိုင်မှာလဲ ကလေးလေးရယ်""

""မသိဘူး မသိဘူး ... အဲ့ဒါတွေ တို့ မသိဘူး၊ တို့သိတာက အခုကိစ္စကို ဘဲကြီး လုပ်ပေးနိုင်တာပဲ""

ကျန်းလောင်ဝေ့အနောက်ကနေ ခါးကိုဖက်ထားကာ ပခုံးပေါ် မေးတင်လျက် သွားလေရာနောက် ပူးကပ်ပါလာပြီး ဂျီနေသည်။ ထမင်းစားခန်းထဲရှိ ရေခဲသေတ္တာထဲက ဘီယာဗူးကို ကျန်းလောင်ဝေ့ ထုတ်သောက်နေတော့လည်း အနောက်ကနေ ခါးကို ဖက်ထားစမြဲ။

Downက တော်ရုံနဲ့ စိတ်လျှော့မှာ မဟုတ်၍ ကျန်းလောင်ဝေ့ ညစ်ချင်လာသည်။

""ကောင်းပြီ ... ကိုယ်သာ ပိုင်စီးကို ကူညီရင် ကလေးလေး ကိုယ့်ကို ဘာပြန်ပေးမလဲ""

အနောက်မှာ ပူးကပ်နေရာမှ ချက်ချင်း အရှေ့ ကို ရောက်လာသည်။ ဖျက်ဖျက်လက်လက် အပြုအမူနဲ့ ဖျက်ဖျက်လဲ့လဲ့ မျက်ဝန်းက တပ်မက်ဖို့ ကောင်းလိုက်တာ

""တို့လို အပျက်ကောင်က ဘဲကြီးအတွက် ဘာပေးနိုင်မှာမိုလို့လဲ""

အစီအငေါ့မတည့်သော စကားခါးခါးကိုသာ ပြောတတ်သည့် နှုတ်ခမ်းလှလှက အထိအတွေ့မှာ ချိုမြကြောင်း စားသုံးဖူးခဲ့သည်။

မမြည်းစမ်းဖူးတာက ...  အပေါ်နှုတ်ခမ်းနုနု၊ အောက်နှုတ်ခမ်းနုနု နှုတ်ခမ်းနှစ်လွှာနုနုက ထွေးငုံလိုက်ရင်များ အဘယ်မျှ နွေးထွေးမှု့ ပီယရှိလိုက်လေမလဲ။ အတွေးရိုင်းနဲ့တင် အသွေးမိုင်းတွေ တဗုန်းဗုန်း ပေါက်ကွဲလာသည်။

အစက ကိုယ်မရည်ရွယ်ခဲ့ပါသော်လည်း .....

ကျန်းလောင်ဝေ့က ဘီယာဗူးကို ကိုင်လျက် ငထန်မျက်နှာပေးနဲ့ Downမျက်နှာနား တိုးကပ်လာသည်။  ခူယားကောင်လိုဖြစ်နေသော တရုတ်အဘိုးကြီး၏ အပြုံးမှ မကောင်းသည့် အာရုံကို ခံစားမိသောကြောင့် Downအနောက်ကို ဆုတ်တော့ ရေခဲသေတ္တာနှင့် ပိတ်မိသွားသည်။ 

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းOpowieści tętniące życiem. Odkryj je teraz