EP-11

29.4K 3.9K 1.1K
                                    

""မောင့်ကိုယုံ၊ မ အနားမှာ မောင်တစ်ယောက်လုံး ရှိတယ်။ မောင်နဲ့မရဲ့ ခိုနားရာကို မောင် အပျောက်ပျက်မခံဘူး။ မ ရှေ့ သမီးလေးကို ပြန်ခေါ်လာပေးမယ်။ မောင့်ကိုယုံပြီး ဒီလောက်ပဲ ငိုပါတော့""

အင်္ကျီရင်ဘတ်စကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက် ယူကြုံးမရ ငိုကြွေးနေသော ဇနီးဖြစ်သူ၏ ပခုံးကို ပွေ့ဖက်ကာ ပိုင်စီးနှစ်သိမ့်နေသည်။ မ ကို နှစ်သိမ့်ပေးနေသော ပိုင်စီးကိုယ်တိုင်လည်း အတွင်းကမ္ဘာပျက်နေသည်။

ဘယ်လိုအတိုတ်အခိုက်မျိုး ကြုံဆုံလာပါစေ၊ မကြောက်မရွံသော ပိုင်စီးမှာ တောင်းပန်ချင်စိတ်တွေ ဖြစ်လာသည်။

သူ့ကို လုပ်ချင်သလို လုပ်ပါ။ သမီးလေးကို ချမ်းသာပေးပါ ... စိတ်ထဲ တောင်းပန်နေသည်။ ငရဲကို ပိုင်စီးမကြောက်။ သမီးလေး သူ့ဘဝထဲက ပျောက်ကွယ်သွားမှာကို ကြောက်သည်။ ဒီလိုနဲ့ သမီးလေးကို ပြန်မတွေ့တော့ရင် ... သူဘယ်လို ရှေ့ဆက် လူလုပ်ရမလဲ။

စိတ်ဆင်းရဲခြင်း ဒုက္ခက ဒါမျိုးလား။ သူ့မှာ အမြဲ ဒေါသ၊ လောဘ၊ မောဟနဲ့ တောက်​​လောင်​ အားပြင်းနေတာ။ တစ်ခါမှ ညှိုးငယ်ခြင်း၊ စိုးရိမ်ကြောက်ရွံခြင်းမရှိဖူးခဲ့။ အခုတော့ လူတစ်ကိုယ်လုံး အတွင်းအားတွေ အစုပ်​ခံလိုက်ရသည့်နှယ် ဘာဆိုဘာမှ လုပ်ချင်၊ကိုင်ချင်စိတ်မရှိ။ ဒေါသလည်း မထွက်နိုင်။ ဝမ်းနည်းစိတ်နဲ့ ရင်ထဲသောကမီးက တစ်မြိုက်မြိုက် လောင်ကျွမ်းနေသည်။

ပိုင်စီးအာဏာဆိုသည်မှာ ကိုယ်တိုင် မီး၏လောင်ကျွမ်းခြင်းကို မကြုံဖူးပဲ သူများလောင်ကျွမ်းစေရန် မီးကို ဖန်တီးတတ်သောလူသား။ ယခုမူ ပိုင်စီးကိုယ်တိုင် မီး၏လောင်ကျွမ်းခြင်းကို ခံနေရသည်။

ငါ့ အပြစ်တွေအတွက် ကံကြမ္မာက အပြစ်ဒဏ်သင့်စေခဲ့ပြီလား။ မဖြစ်ဘူး ... ဒီလိုနည်းနဲ့ အပြစ်ဒဏ် မခတ်လိုက်ပါနဲ့။ ကိုယ့်ကိုသာ မဟာပထဝီမြေကြီး ဟက်တက်ကွဲ မြေမျိုရင် မျိုချလိုက်။ သမီးလေးကို ဘာမှ မလုပ်ပါနဲ့။

မ ပခုံးပေါ် ပိုင်စီး ခေါင်းတင်မှေးလိုက်သည်။

""မောင် ... သမီးလေးကို မရရအောင် ရှာမယ်""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now