EP-9

32.4K 4.2K 815
                                    

အိမ်ကို မဖိတ်ခေါ်ဘဲ ရောက်လာပြီး မ မထင်ထားသည့် အကြောင်းအရာကို ပြောသော ဧည့်သည်ကြောင့် မ စိတ်ရှုပ်မိသည်။ ဧည့်သည်ထက် အင်း ... ယောင်းမ လို့ပဲသုံးရတော့မှာပေါ့။ မန္တလေးက မောင့်အကို ကိုပိုင်ဇေ၏ ဇနီးဖြစ်သူ သင်းချယ်ရီထွေးက မောင် အလုပ်သွားချိန် အိမ်ကို ရောက်လာသည်။

""ပိုင်စီးကို နားဝင်အောင် ပြောနိုင်မဲ့လူက အစ်မ ပဲရှိပါတယ်။ သူဋ္ဌေးကြီးဦးပိုင်အာဏာရဲ့ သားတစ်ယောက်အနေနဲ့ ကိုပိုင်ဇေအတွက် တရားမျှတမှု့ရှိအာင် လုပ်ပေးပါ... အစ်မ""

ကျဆင်းလာသော မျက်ရည်တွေကို ရှိုက်သံအားဖြည့်လျှက် လက်ကိုင်ပဝါတစ်ထည်ဖြင့် တို့ကာ သုတ်ခါ အသနားခံတောင်းဆိုနေသည့် ယောင်းမ။

""မောင်တို့မိသားစု အမွေကိစ္စတွေကို အစ်မသေချာမသိဘူး။ စိတ်လည်းမဝင်စားဘူး။ နားလည်းမလည်ဘူး။ မောင်နဲ့တိုတ်ရိုက် ဆွေးနွေးညှိနှိုင်းတာ အထိရောက်ဆုံးပါ""

""ပိုင်စီးက ဘယ်လိုမှ ညှိနှိုင်းလို့မရအောင် ညစ်နေတယ် အစ်မ။ ကိုပိုင်ဇေအတွက် တစ်ပြားတစ်ချပ်တောင် ပေးဖို့ စိတ်မရှိဘူး""

""ပေးဖို့စိတ်မရှိဘူးတဲ့လား""

မ က ချယ်ရီထွေး၏စကားကို သံယောင်လိုက် ခပ်တိုးတိုး ရေရွတ်သည်။

""အိမ်ရှေ့က ဖြတ်လျှောက်သွားတဲ့ လူကိုဖြစ်ဖြစ် ဆွဲခေါ်မေးကြည့်ပါ။ ဆယ်သက်စားမကုန်တဲ့ မိဘအမွေအနှစ်မှာ သားနှစ်ယောက်ရှိတဲ့အထဲ သားကြီးဖြစ်သူက တစ်ပြားတစ်ချပ်မှ မရတာ တရားပါရဲ့လား အစ်မ""

တည်ငြိမ်အေးဆေးနေသော မ မျက်နှာ အမူအရာ ခက်ထန် ပြောင်းလဲသွားသည်။

""ညီမ! မောင့်ကို အဲ့လို မစွပ်စွဲပါနဲ့။ အဖေ အိပ်ရာထဲ လဲကထဲက နောက်ဆုံးအချိန်အထိ မောင်က ညီမတို့ မိသားစုကို ဆက်သွယ်ခဲ့တယ်။ အိုမင်းမစွမ်းတော့တဲ့ အဖေ့ကို ခွင့်မလွှတ်နိုင်ဘဲ အဖေ့အသုဘကိုတောင် မလာခဲ့တာ သားတစ်ယောက်အနေနဲ့ ချွေးမတစ်ယောက်အနေနဲ့ ဖြစ်သင့်ရဲ့လား။ ညီမတို့ အိမ်ထောင်ရေးကို အစပိုင်းမှာ အဖေက ဘယ်လိုပဲ သဘောမတူဘူးပြောပြော ... အဖေအိပ်ရာထဲလဲသွားချိန်မှာ ကိုပိုင်ဇေကိုပဲ တမ်းတနေတာ။ အနားမှာ ပြုစုပေးတဲ့ မောင့်ကိုမှ အားမနာ၊ ညီမယောကျာ်း ကိုပိုင်ဇေကိုပဲ သတိရအောက်မေ့နေခဲ့တာ။ အခုချိန်ကျမှ ညီမတို့ဝတ္တရား ပျက်ကွက်ခဲ့တာတွေအတွက် မောင့်ကို မကောင်းမပြောပါနဲ့။ မ သည်းခံမှာ မဟုတ်ဘူး""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now