EP-46

31.9K 3.2K 783
                                    

WARNING ⚠️ This scene is rated R; not appropriate for young audiences...contains  mature contents such as language...etc.😬 
So pls do not read if you’re .... Hehehehe.. EnJOY 😉

"ဝေး ဟေး ... ကိုကြီးပိုင်ပြန်လာပြီ"

ဆိုင်ကယ်ကိုဒေါက်ထောက်နေတုန်း ပိုင်စီးခါးကို ပြေးဖက်လာသော ကောင်လေး။

အင်္ကျီခါးစကို လာဆွဲနေသည့် ကောင်လေးအား အထိတ်တလန့် တွန်းဖယ်လိုက်သည်။ မြေကြီးပေါ် နောက်ပြန်လက်ထောက် ကျသွားသည်။ ရုတ်တရက် သူ၏အပြုအမူအား နားမလည်သော မျက်ဝန်းများနှင့် ကောင်လေးက မော့ကြည့်လာသည်။

ထိတ်လန့်စိတ်ကြောင့်သာ တွန်းမိတာ၊ လဲကျသွားသောကောင်လေးကို ချက်ချင်း လက်ကမ်းပေး ထူမချင်စိတ်ပေါ်မိသည်။ သို့သော် ညက သူ့အဖေနှင့်ကိုယ့်အဖေ့၏ ကုတင်ပေါ်က ပုံရိပ်က မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း ပြန်ပေါ်လာသည်။ ကောင်လေးကို မကျေမနပ်နှင့် ပစ်ထားလိုက်သည်။

သူ့အဖေဦးမိုးဥာဏ်ကို သေမလိုမုန်းသည်။

ရုတ်ချည်းပြောင်းလဲသွားသော ကိုကြီးပိုင်၏ စိမ်းကားသွေးအေးမှု့ ကို ၀လုံးတစ်ယောက် နားမလည်ပါချေ။

ကိုကြီးပိုင် ဘာကို စိတ်ဆိုးနေတာပါလိမ့်၊ ကြိုက်လွန်း၍ ပန်းရောင်းရသော ပိုက်ဆံနဲ့ ၀ယ်လာသော အိစိအိစိမုန့်(Marshmallows)ကို ကျွေးပြီး ပြန်ချော့ရင် သူစိတ်ပြေမလား ...

--------------

တတိယအကြိမ်မြောက်တွေ့မြင်ခြင်း။

အိမ်ဧည့်ခန်းနံရံတွင် ချိတ်ဆွဲထားသည့် တစ်နာရီတစ်ခါ မြည်တီးသော ရှေးဟောင်းနာရီကြီး၏ ချိန်သီးက တစ်ချက် တီးမြည်သွားသည်။ ညအချိန် တစ်နာရီရှိပြီ။

လူအိပ်ချိန်ဖြစ်ပါသော်လည်း မအိပ်နိုင်သေးသော လူသားနှစ်ယောက်၏ ရမ္မက်ဇောက အားသွန်ခွန်စိုက် ရုန်းကန်လှုပ်ရှားလို့ကောင်းတုန်း။ ခရီးဝေးအပြင်းနှင်လာသော မြင်းခွာသံအလား သူတို့နှစ်ဦး၏ ပေါက်ရောက်နေသော ခရီးမှာလည်း ထိခတ်မိသော ပွတ်လူးသံတွေက ကြတ်သီးထစဖွယ်။

မုန်ယိုစိတ်ဖိတ်ဝေလျက် အရိုင်းဆန်သော မိတ်လိုက်မှု့ ကို အမြင်အာရုံသာမက ကြတ်သီးထစဖွယ် လှုပ်ရှားသံ အော်ညည်းသံတွေကိုပါ ရှု့ စိမ့်၍ ကြည့်နေရင်းကြည့်နေရင်း လူပျိုပေါက်ကလေး ပိုင်စီး တံတွေးကို လည်ချောင်းထဲ မျိုချမိတာ အတန်တန်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းDonde viven las historias. Descúbrelo ahora