EP-15

33.3K 3.7K 930
                                    

""မမ အဆင်ပြေခဲ့လား""

Receptionကို ပြန်ရောက်သောအခါ စိတ်ဝင်တစား ဝိုင်းမေးကြသည်။ မေးသမျှ လက်ခါ ငြင်းဆန်ပြီး ပါးစပ်နဲ့ ပြန်မဖြေနိုင်။ နားနေခန်းထဲ ဝင်ထိုင်ပြီး သင်းချယ်ရီထွေး စဉ်းစားခန်းဝင်နေသည်။

ပိုင်စီး ပုံသေချာတယ်။ ဘာလို့ ပိုင်စီးပုံကို အဲ့တစ်ယောက်က Wallpaper ထားထားရတာလဲ။

""သမီး ... 208က EDကျန်းလောင်ဝေ့ရဲ့ မွေးစားသားကို အခန်းလိုက်ပို့တာ အဆင်ပြေလား""

မန်နေဂျာကြီးဦးမြင့်အေးက ပေါက်မုန့်ကိုက်လျှက် ထိုင်ခုံမှာ ဝင်ထိုင်မေးသည်။

""သူက ED ကျန်းလောင်ဝေ့ရဲ့ မွေးစားသားလား""

မေးတာပြန်ဖြေရမည်ထက် ကိုယ်သိချင်တာကို စိတ်လောမေးမိသည်။

""အင်း ... ဟုတ်တယ်။ မွေးစားသားလေ။ မွေးပြီး စားတဲ့ မွေးစားသား""

ပေါင်မုန့်ကိုက်လျှက် ရယ်ချင်ပက်ကျိ ပြောသော စကားက သင်းချယ်ရီထွေးကို ကြောင်အစေသည်။

ချက်ဆို နားခွက်က မီးထတောတ်သည့် အကင်းပါးသော သင်းချယ်ရီထွေးက ဂျာကြီးစကား အဓိပ္ပာယ်ကို နားမလည်လို့ မဟုတ်။ ကြားဖူးနေကျ မွေးစား ဇာက်လမ်းတွေလို မဟုတ်သောကြောင့် အံ့သြမိခြင်း။

""ယောက်ျားအချင်းချင်းကြီးကို ဖြစ်နိုင်ပါ့မလား ... ဂျာကြီးကလည်း""

ဂျာကြီးဦးမြင့်အေးက ပြုံးစိစိ ပခုံးတွန့်သည်။

""ဒီမှာလုပ်နေရင်း ကိုင်နေရင်း တစ်လလောက် လုပ်ပြီးရင် အလိုလို သိလာမယ်။ မသိသေးခင် သူများတွေကို လျှောက်မေးမနေနဲ့။ အပြောအဆိုမတတ်ရင် ဂိန်မယ်။ ဒီက ဝန်ထမ်းတွေအားလုံး သိပြီးသား အကြောင်းအရာဖြစ်ပေမဲ့ ထုတ်ပြောမှာမဟုတ်ဘူး။ ဘယ်လောက်မှန်နေပါစေ ကိုယ်သိ ကိုယ့်စိတ်ထဲထား၊ ထုတ်ပြောလို့မရတဲ့ အမှန်တရားတွေ ရှိတယ် ""

လက်ကျန် ပေါင်မုန့်တစ်ပိုင်းကို ပါးစပ်ထဲ အကုန်ထိုးသွင်းကာ ထိုင်ခုံက ထရပ်သည်။

""သတိပေးထားမယ်။ 208ဧည့်သည်က Panorama Hotelရဲ့ အကောင်ကြီးကြီးထဲက ဆိုက်ကို။ ရှောင်နိုင်ရင် ကောင်းပေမဲ့ မရှောင်နိုင်လို့ ဆုံလာရင် ပြသနာမဖြစ်စေနဲ့""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now