Ep - 4

10.1K 1.1K 91
                                    

" ခင်ဗျား----- ကျွန်တော့်ကို သိတယ်မလား??"

" မသိဘူး"

အင်--
မျှော်လင့်ချက် အပြည့်နှင့်မေးမိတဲ့စိတ်လေး ချက်ချင်းဆိုသလို အငွေ့ပျံ သွားရသည်။

" ငါ့ဆွဲကြိုး ပြန်မပေးတော့ဘူးလား?"

" မပေးဘူး!"

ကြွေ့အဖြေစကားကို အလိုမကျဖြစ်သွားဟန်က တွန့်ကျုံ့သွားသော မျက်ဝန်းအကြည့်များက သက်သေပါ...

" မင်းလက်ထဲက ပစ္စည်းက ငါ့ပစ္စည်းကို-- ပြန်မပေးဘူးပြောရဲတာ မျက်နှာပြောင်လွန်းတယ်မထင်ဘူးလား?"

" တွေ့ဖူးတာ အသိသာကြီးကို မသိဘူးဗြောင်ငြင်းတဲ့ ခင်ဗျားကရော မျက်နှာ မပြောင်လို့လား?"

ထိုအခါကျမှ ပြုံးယောင်ယောင်လေးဖြစ်သွားသော မျက်ဝန်းလေး...

နှုတ်ခမ်းက ပြုံးနေတာမဟုတ်ပဲ မျက်ဝန်းက ပြုံးသွားသော အပြုံး......

ခဏလေး အတွင်းပြန်တည်သွားသောမျက်နှာ...

ထို့နောက် ဖျက်ခနဲဆိုသလို ကြွေ သတိလက်လွတ် ဖြစ်သွားသောခဏလေး ပြန်လုယူသွားသော ဆွဲကြိုးလေး...

" ဟင်?"

ကြွေ ကြောင်တောင်တောင်ဖြစ်သွားစဉ်...

" တွေ့ဖူးတာမှန်ပေမယ့် ငါမှ မင်းကို မသိတာ... တွေ့ဖူးတာနဲ့ သိတာ က meaning ကွာတာ မင်းလေ့လာသင့်တယ် ကောင်လေး"

အောင်နိုင်သူ မျက်နှာပေးနှင့် ထွက်သွားသော ထိုလူ...
ကြွေကြိုးကို ဒီလို လုပ်လို့ရရိုးလား!!!

ကြွေ့ကို ကျောပေးပြီး ဆွဲကြိုး ပြန်ဆွဲရန်ပြင်နေသော သူ......
.
.
.
.
" ဝုန်း!"

ရုတ်တရက် အနောက်ဘက်ကနေ ဆောင့်တွန်းခံလိုက်ရပြီး လေးဖက်ထောက် လဲတော့မလို ဖြစ်သွားရသော သွန်းမာန်...

မျက်စိရှေ့ ကျသွားတဲ့ ဆွဲကြိုးလေးကို ကောက်ယူ ထွက်ပြေးသွားတဲ့ ကောင်လေး...

ဆိုင်ဝရောက်တော့ မဲ့ပြုံးလေးပြုံးပြသွားသေးသည်။

သွန်းမာန်မှာသာ လဲကျနေရာက ပြန်မထနိုင်သေး...

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Waar verhalen tot leven komen. Ontdek het nu