Part - 34

7.7K 1K 147
                                    

" မင်းနောင်... ဒါကတော့ မဟုတ်သေးဘူး ထင်တယ် ''

ဦးမင်းနောင်ကြိုးတစ်ယောက်
ရေခဲတုံးလေးတွေကို အသာခပ်ပြီး ပယင်းရောင် ရေတွေ
ပြည့်နေတဲ့ ဖန်ခွက်ထဲ ထည့်ရင်း... သူငယ်ချင်း ဖြစ်တဲ့
မျိုးမင်း ကို တစ်ချက်ကြည့်လိုက်သေးသည်။
ပြီးမှ....

" မင်းကပါ
ငါ့ကို မှားတယ်လို့ ပြောချင်တာလား မျိုးမင်း?''

" ငါပြောတာ....  မင်း သူ့ကို ကြွေနဲ့ မနီးစပ်အောင်
တားခွင့်ရှိတယ်... ဒါပေမယ့် ဒီနည်းလမ်းနဲ့ မဟုတ်ဘူး
လေကွာ...''

" သူ့ကို စီးပွားရေးလမ်းကြောင်းအရ လိုက်ပိတ်ဆို့ပြီး
ဒီနိုင်ငံကနေ အပြီးထွက်သွားရအောင်ကို လုပ်မှာ..''

" အဲ့အစား မင်း နဲ့ ကြွေရဲ့ ပတ်သတ်မှုကိုပြောပြီး
လမ်းခွဲခိုင်းတာက ပိုမထိရောက်ဘူးလား သူငယ်ချင်းရာ''

ဦးမင်းနောင်ကြိုး လက်ထဲက ခွက်ကို စားပွဲပေါ် အရှိန်ပြင်း
ပြင်း ချလိုက်ပြီး.....

" ဟင့်အင်း..... ငါ သူ့ကို လွယ်လွယ်လေး မနာကျင်စေ
ချင်ဘူး... သူ့ကို ငါ ကျိန်းသေ သိအောင်လုပ်ပေးမှာ..
ငါ့ရဲ့ ငြင်းပယ်မှုကို မသိကျိုးကျွံပြုပြီး အရူးလို ငါ့ကို လုပ်
သွားတဲ့သူ့ကို... ငါခံစားရတာထက်ပိုအောင် ငါလုပ်မှာ
မျိုးမင်း... ''

" တကယ်လို့ .... ကြွေသိသွားခဲ့ရင်ရော?''

ဦးမျိုးမင်း ရဲ့ အမေးစကားကို ချက်ချင်းမဖြေပဲ..
မတ်တပ်ရပ်ကာ မှန်ုပြတင်းနားထိ လျှောက်လာခဲ့လိုက်သည်။

.
.
" ဒီကိစ္စ ပြီးတဲ့အချိန်ထိ ကြွေ လုံးဝမသိစေရဘူး....
ကြွေ့ဘဝကနေ သွန်းမာန်သစ် ဆိုတဲ့နာမည် ကိုပါ မေ့သွား
အောင် ငါလုပ်မှာ.....
ကြွေ့ကိုတော့....... လုံးဝမထိခိုက်စေရဘူး......''

.
.
.
.
ဟင်း.....

ငါတော့ အဲ့လောက် လွယ်မယ် မထင်ဘူး မင်းနောင်....

အစကတည်းက အပြတ်ဖြတ်သင့်တဲ့ ကိစ္စကို....
ဒီလောက်နွယ်နေတာ...
စိတ်မောလိုက်တာ......
ဒီလိုနဲ့.....

အကုန် အစကနေ ပြန်လှန်ရင်း... ကိစ္စတွေ...
ရှုပ်ထွေးလာကုန်မှာ.....
ကြောက်နေမိတယ်......

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now