part -40

5.6K 884 61
                                    

“ baby သောက်လှချည်လားကွ what's wrong?’’

ငှဲ့နေတဲ့ beer ပုလင်းကို ဘေးချပြီး Roy မျက်နှာချင်းဆိုင်က လူကိုပြုံးပြလိုက်သည်။

Roy ရဲ့ Sponsor Sugar daddy ကြီးက Roy ရဲ့ မျက်နှာရိပ် မျက်နှာကဲ သိပ်သိသူလေ…..

အခုလည်း မင်းဂုဏ်ရောင်ကြောင့် အလဲလဲအကွဲကွဲ ဖြစ်နေတာကို

ဘိုးတော်က ရိပ်မိသွားပြန်ပြီ

“ အသည်းကွဲနေတာလေ မမြင်ဖူးဘူးလား?’’

“ ဟောဟော အဲ့ဒါကြောင့် ဒီလောက်ခံစားနေရတာကို…

ကိုယ်ကူညီပေးရမလား?’’

“ ခင်ဗျားက ဘာကူညီနိုင်မှာမို့လို့လဲ ဗျာ… . အေးအေးနေစမ်းပါ'’

ပြောရင်း တစ်ကျိုက်မော့လိုက်ပြန်တဲ့ Roy…

မြန်မြန်ဆန်ဆန် စေ့စပ်လိုက်တဲ့ မင်းဂုဏ်ရောင်ကြောင့်

Roy ရူးမတက်ခံစားနေရတာ…

ဒင်းကတော့ ဘယ်သိပါ့မလဲ….

ချစ်ရတဲ့သူနဲ့ လက်ထပ်ရတော့မှာတွေးပြီး ပျော်နေလောက်ပြီ….

လောကကြီးက တရားပါတယ်…..

တစ်ဖက်သတ်ချစ်ရသူတွေအတွက် ပေါင်းဖက်ခွင့်ဆိုတာ အချစ်နတ်ဘုရားက ချီးမြှင့်တဲ့ ရှားပါး ဆုလာဘ်တစ်ခုပါလေ….

ဘယ်လွယ်ပါ့မလဲ….

Roy သောက်ရင်း ပတ်ဝန်းကျင်ဘက်ကို အာရုံပြုငေးလိုက်မိစဉ်..

မျက်ဝန်းထောင့်စွန်းမှာ မြင်လိုက်ရတဲ့အရိပ်တစ်ခု…

Roy သေချာလိုက်ကြည့်မိတော့ ကိုသွန်း….

တွေ့လိုက်တိုင်းလည်း မင်းဂုဏ်ရောင်ရဲ့ အဖေနဲ့…

တစ်နေရာကို ရေးကြီးသုတ်ပျာ ထွက်သွားပြန်တာ…

သိချင်နေတာကြာပြီ…

အခွင့်ကြုံတုန်း သိအောင်လုပ်ရမှာပဲ…

“ ခဏနေခဲ့ဦး ဟိုဘက်ခဏသွားဦးမယ်..’’

“ ok လေ ‘’

Roy နှုတ်ဆက်ပြီး ကိုသွန်းတို့နောက်ကနေ မသိမသာ လိုက်လာခဲ့လိုက်သည်။

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Waar verhalen tot leven komen. Ontdek het nu