" ကို သွန်းမာန်သစ် အနေနဲ့ ပြည်ပထွက်ခွာဖို့ကိုတော့
ဆိုင်းငံ့ထားရပါလိမ့်မယ်...
အမှုကသေးပေမယ့် တရားလိုဘက်က အမှု မပိတ်ပေးမ
ချင်း ခင်ဗျားဘက်က အဆင်သင့်ရှိနေဖို့...''ကြွေကြိုး ခေါ်ပေးထားသည့် ရှေ့နေဆိုသောသူပြောနေတာတွေလည်း သွန်းမာန် ကြားတစ်ချက် မကြားတစ်ချက်
ခေါင်းတွေ တအားရှုပ်နေပြီး...
တဆစ်ဆစ် ထိုးကိုက်နေတာက...
ညကသောက်ထားသည့်အရှိန် ကြောင့်လည်း ပါလိမ့်မည်။အချုပ်ခန်း သံတိုင်တွေကို မြင်တိုင်း ဒေါသက
အလိပ်လိုက်ထွက်လာတာမို့..." ခင်ဗျား ဒီမှာ ကိစ္စပြတ်ပြီလား?''
"ဗျာ?''
ရှေ့နေက ရုတ်တရက်အမေးခံလိုက်ရတာကြောင့်
ကြောင်တောင်တောင်ဖြစ်သွားပုံပင်။" ပြန်လို့ရပြီလားလို့ မေးနေတာ..''
" ရပါပြီ ကိုသွန်းမာန်သစ်..''
သွန်းမာန် ဘာမှ ထပ်မပြောတော့ပဲ ထလာလိုက်သည်။
ရှေ့နေက ရဲအရာရှိတွေကို နှုတ်ဆက်ပြီး
အနောက်က အပြေးလိုက်လာလေသည်။အခု သွန်းမာန်ဖြစ်နေသည့်ပုံက တော်တော်လေး
ရိုင်းနေမှာအမှန်..
ဒါပေမယ့် ဂရုမစိုက်နိုင်။
အခုချိန် သွန်းမာန် ခေါင်းထဲ တစ်ခုတည်းရှိနေတာကြွေကြိုး...
" ကို သွန်းမာန်သစ် ရဲ့ ကားက Junction Square
ကားပါကင်မှာ ပါ''ရှေ့နေရဲ့စကားကြောင့် သွန်းမာန် မျက်မှောင်ကျုံ့လိုက်မိသည်။
" ခင်ဗျားကို ဘယ်သူပြောလဲ?''
" ကြွေကြိုး ပြောလိုက်တာပါ..''
" သူ အခု ဘယ်မှာလဲ?''
" ကျွန်တော်လည်း မသိဘူး... ''
သွန်းမာန် သက်ပြင်းချလိုက်မိသည်။
တစ်ညတည်းနဲ့ ရှုပ်ထွေးသွားလိုက်တဲ့ သူ့ဘဝ..
စိတ်ထိန်းစမ်း.... သွန်းမာန်သစ်....
မင်း ဒါကို ဘယ်လို ဖြေရှင်းမလဲ...." ခင်ဗျားက အခု ကျွန်တော့်ရှေ့နေ ဖြစ်သွားပြီပေါ့...''
" အဲ့လိုသဘောပါပဲ...''
YOU ARE READING
ကွှကွေိုး ကြွေကြိုး (Zawgyi+Unicode)
Teen Fictionစိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး စိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး