part -38

4.9K 829 39
                                    

ကြွေ တစ်ယောက်

မှောက်လိုက် လှန်လိုက်နဲ့ ကုတင်ပေါ်မှာ နေရာမရဖြစ်နေရတဲ့

အကြောင်းက…

တခြားတော့မဟုတ်...

ကိုးမာန် ကြောင့်ပါပဲ….

အိမ်ပြန်ရောက်တာ တစ်နာရီကျော်ကြာသည်အထိ

ဒီလူကြီး ph မဆက်သေး…..

လွန်တယ် တအားကိုလွန်တယ်…..

.

.

.

.

ကြွေ စိတ်မရှည်တော့စွာ ph ကိုင်ပြီး စာပို့မည်အလုပ်..

.

.

တစ်ဖက်ခြံက ဆူဆူညံညံ အသံတွေကြောင့် ကြွေ ပြတင်းပေါက်နား

သွားပြီး ချောင်းကြည့်လိုက်လေသည်။

.

ဆင်ဝင်အောက်မှာ mommy နဲ့ ဦးမျိုးမင်း သာမက ဟိုအမြင်ကတ်စရာ မင်းဂုဏ်ရောင်ပါ အပြုံးလေးတွေ ရွှန်းရွှန်းဝေ ကြိုဆိုနေလိုက်ကြတာ…

ဘယ်သူလာနေတာမို့လို့ ဒီလောက်တောင်ဖြစ်နေကြတာပါလိမ့်နော်..

ကြွေ သိချင်စိတ်နဲ့ ခြေဖျားလေးပါထောက်ပြီး အနီးကပ်ကြည့်လိုက်တော့မှ…

မင်းဂုဏ်ရောင် နဲ့ ရွယ်တူ ကောင်မလေး ချောချောလေးတစ်ယောက်

ကိုတွေ့လိုက်ရပြီး ဘေးမှာလည်း ကောင်မလေး မိဘတွေပါ ပါလာပုံပင်..

ကြွေ အခြေနေကို နားလည်သွားဟန်ဖြင့် မဲ့ပြုံးလေး ပြုံးလိုက်မိသည်။

မိန်းကလေးရှင်ကတောင် အိမ်လိုက်လာရတဲ့အခြေနေ

မင်းဂုဏ်ရောင်… . ဒီကောင်… ကံဇာတာကတော့ တကယ့်ကို

ယှဉ်မရအောင် ကောင်းလွန်းတာပဲ.။

.

.

ဟင်?

.

.

ကြွေ ငေးနေရင်းကနေ… ကြွေ ရှိရာဘက်ကို ဖျတ်ခနဲ လှည့်ကြည့်လာသော mommy ရဲ့ အကြည့်တစ်စုံကြောင့်

ကြွေ အယောင်ယောင်အမှားမှား နဲ့ လိုက်ကာနောက် ဝင်ပုန်းမိသွားလေသည်။

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now