part - 50

4.1K 565 80
                                    

Unicode below

အိပ်ရာထဲ ဟိုသည် လှိမ့်နေရင်း သွန်းမာန် တွေးနေမိသည်
ကြွေကြိုး...

မင်းကိုတကယ်ပဲ ငါ ဘယ်လိုလုပ်ရမလဲ?

နာရီကြည့်လိုက်တော့ မိုးစင်စင်လင်းနေပြီမို့
သွန်းမာန် အိပ်ရာပေါ်က လူးလဲထပြီး
ရေချိုးခန်းဝင်ကာ ဧည့်ခန်းဘက် ထွက်လာခဲ့လိုက်သည်။
ဧည့်ခန်းဘက်ရောက်တော့ လိုက်ကာတွေ ပိတ်ပြီး
မီးလည်းမဖွင့်ထားတာကြောင့် တစ်ခန်းလုံး
မှောင်နေတာကို သွန်းမာန် ကြည့်ပြီး သက်ပြင်း
ထပ်ချလိုက်မိသည်။

စိတ်တွေလေးလံ နေတာကြောင့် ရှည်ရှည်ဝေးဝေး
တွေးမနေတော့ပဲ လိုက်ကာတွေ ဆွဲဖွင့်လိုက်တော့
မြင်လိုက်ရတာက ပြတင်းပေါက် အပြင်မှာ
မတ်တပ်ရပ်နေတဲ့ ...... ကြွေကြိုး

သွန်းမာန်ကို တွေ့တော့ ရွှင်ပျစွာ ပြုံးပြနေတဲ့ သူ

အပြုံးက တကယ်ကိုအပြစ်ကင်းတာကြောင့်
သွန်းမာန် ခဏ ငေးမိသွားတာတော့ အမှန်ပင်။

တစ်ချိန်တည်းမှာပင် သွန်းမာန် ခေါင်း
ထဲရောက်လာသည့် အတွေးက .....

ဒီလို အပြုံးမျိုးနဲ့ပဲ သူ့ကို အခုလို လုပ်ခဲ့တာမလား
ဒီလိုလေး ပြုံးပြီးတော့ပဲလေ...

Ring .... ring....

မှန်ခြားပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေရင်း ph မြည်လာတာကြောင့် သွန်းမာန်
ကိုင်လိုက်တော့ ......

ဟင်!

ဦးမင်းနောင်ကြိုး...

Contact name ကို ကြည့်ပြီး ဘာလုပ်ရမလဲ တွေဝေနေတုန်း....

မျက်စိရှေ့က ကြွေကြိုး ပျောက်သွားပြီး တံခါး bell ကို အဆက်မပြတ် နှိပ်နေတော့တာ...

စောစောစီးစီး သွန်းမာန် တကယ် ခေါင်းကိုက်သွား
ရသည်။
Ph ပဲကိုင်ရမလား..... တံခါးပဲ ပြေးဖွင့်ရမလား
မသိတော့။

ဒါပေမယ့်လည်း သွန်းမာန် ခပ်မြန်မြန်ပဲ စဉ်းစားကာ ဆုံးဖြတ်လိုက်သည်။

ph ကို power off ပြီး တံခါးဖွင့်ပေးလိုက်တာ..

ဒါ အဖြစ်သင့်ဆုံး အခြေနေပဲလေ။

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now