Part - 32

6.1K 997 124
                                    

At Pinky Cafe....

အငွေ့တထောင်းထောင်း ထနေတဲ့ Black coffee
ခွက်လေးကို ကြွေ အသာလေး စိုက်ကြည့်နေမိသည်။

ဆောင်းတွင်း မိုး လည်း စိုထားတာကြောင့် အနည်းငယ်
ချမ်းစိမ့်စိမ့်ဖြစ်နေပေမယ့်...
ကြွေ့ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကိုးမာန်ကြောင့်
အနည်းငယ် နွေးထွေးနေသလို ရှိတာကိုတော့..
ကြွေ လက်မခံချင်ပဲ လက်ခံရမှာပင်...။

Latte coffee ခွက်ကို ကိုင်ပြီး ကြွေ့ကို တစ်ချက် တစ်ချက် စိုက်ကြည့်နေတဲ့ ကိုးမာန်ကို ကြွေ မသိချင်ယောင်
ဆောင်ပြီး coffee ကိုသာ အရသာခံ
သောက်နေလိုက်လေသည်။

ဒီအချိန်မှာ...
မေးခွန်းများစွာ မေးစရာ ရှိနေပေမယ့်
ကြွေ စကားတွေ အများကြီး ပြောချင်စိတ်မရှိတာကြောင့်
အခြေနေအတိုင်း အလိုက်သင့် လေး နေနေမိတာ...

ကိုးမာန် ကလည်း
ကြွေ့စကား အစ ကို စောင့်နေသည့်အလား....
ဘာစကားမှ မဆိုပဲ ငြိမ်သက်စွာ နေနေတာ...
.
.
.
" မိုးကလည်း သည်းတယ်နော်..''

တိတ်ဆိတ်နေတဲ့ အနေအထားကို ကိုးမာန်က စကားနှင့် စတင် ဖြိုခွင်းလိုက်လေသည်။

" ဆောင်းတွင်း မိုးရွာတာ.. အေးစိမ့်နေတာပဲ ''

" အေးလို့လား?.. မအေးပါဘူး ''

ကြွေရဲ့ ကန့်လန့်တိုက် တုံ့ပြန်မှုကို ကိုးမာန်က မဖြုံတော့သည့်ဟန်နဲ့ ပြုံးနေလေသည်။

" အဲ့ အပြုံးကြီး မကြိုက်ဘူး ''

" အဲ့တော့ ကိုယ်က ဘယ်လိုလုပ်ပေးရမလဲ? "

" ဘာမှမလုပ်ပေးနဲ့.....ငြိမ်ငြိမ်လေးနေ''

" ငါတို့နှစ်ယောက်ကြားမှာ စကားတွေ အများကြီးပြောစရာ ရှိနေမယ် ထင်တာ..''

" ရှိတယ်လေ... အခုမှ မပြောချင်တာ..''

" ဘာလို့လဲ?''

ကြိုးလေး coffee မွှေလက်စ ဇွန်းကို ဘေးချပြီး...
လက်နှစ်ဖက်နဲ့ နွေးနေတဲ့ coffee ပန်းကန်လေးကို ဆုပ်ကိုင်ရင်း......

" အဆင်သင့်ပြင်ဆင်လာတဲ့ အဖြေစကားတွေ မမေ့ခင် အတင်းပြောချင်နေတဲ့ ခင်ဗျား ဆန္ဒလေးကို နည်းနည်း
လောက်ခေါက်ထားလိုက်...
အဲ့လို ready made စကားတွေ ထိုင်နားထောင်ရ
အောင် စိတ်အခြေနေက သိပ်မကောင်းဘူး...''

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now