Ep - 21

8.4K 1.1K 306
                                    

သွန်းမာန် အခန်းတံခါးကို ဖြေးညှင်းစွာဖွင့်လိုက်ပြီး...

ကုတင်စောင်းလေးမှာ ထိုင်ရင်း သက်ပြင်းမောတစ်ခုချလိုက်မိသည်။

သူမှ သူပါပဲ......

ဒီလောက်နှစ်တွေကြာတာတောင်... နည်းနည်းလေးတောင် မပြောင်းလဲသွားတဲ့သူ......

သွန်းမာန်သစ်ဆိုတဲ့ ငါကိုယ်တိုင်လည်း အရူးလိုပဲ ... အခုထိ သူ့ကို မြင်ရ ရုံနဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်လို စိတ်တွေလှုပ်ရှားနေဆဲ......

တကယ်ဆို မုန်းသင့်တာကို...
သူ့အတွက်နဲ့ ငယ်ရွယ်တဲ့ သက်တမ်းတစ်ဝက် နီးပါး အိပ်စက်ခြင်းနဲ့ ကုန်ဆုံးခဲ့ရတာကို......

အခုလည်း အမှတ်မရှိ
အရိပ်ကလေး မြင်ရုံနဲ့ ပြေးလိုက်သွားမိတာ...
ကားကို နောက်ယောင်ခံလိုက်ခဲ့ပေမယ့်
အခုချိန်ထိ သူနဲ့ပတ်သတ်ရင် ကံမကောင်းတဲ့ သွန်းမာန်......

တစ်နေကုန် အသည်းသန်တောက်လျှောက် လိုက်လာခဲ့ပြီးကာမှ...
ပါရမီ မီးပွိုင့်နား အရောက် မျက်ခြေပြတ်သွားခဲ့တာကြောင့်......
ခြေကုန်လက်ပန်း ကျပြီး အိမ်ပြန်လာခဲ့ရတာ...

ရင်ထဲမှာ လစ်ဟာသွားတဲ့ ခံစားချက်...
...
ဆုံးရှုံးသွားတယ် ပြောရအောင်လည်း
ပိုင်ဆိုင်ခဲ့ဖူးတာလည်းမဟုတ်ပဲ ...
မပိုင်ဆိုင်ရပဲ ...... နာကျင်နေရတာ
သူနဲ့ပတ်သတ်တဲ့ ဝဋ်ကြွေး သက်သက်လေလား.........

ခင်ဗျားနဲ့ပတ်သတ်ရင် အခုချိန်ထိ အရာရာ ပင်ပန်းနေတုန်းပါပဲလား...

သွန်းမာန် အတွေးစကို ဖြတ်တောက်လိုက်ပြီး
ရေချိုးရန် ပြင်နေစဉ်...

ရုတ်တရက် ခေါင်းထဲပေါ်လာသော ကြိုးလေး...

ကြိုးလေး!!!!
Junction city မှာ သူကြိုးလေးကို ထားခဲ့မိတာ......

သွန်းမာန် အလန့်တကြားနာရီကို ကြည့်လိုက်မိတော့ ည ၇ နာရီ ၄၅ မိနစ်...

သွန်းမာန် shirt အကျီ င်္ကြယ်သီးတောင် ပြန်မတပ်နိုင်ပဲ ကားသော့ယူကာ အမြန်ပြေးထွက်လာခဲ့လိုက်သည်။

သွန်းမာန်သစ်ရာ......
ကြိုးလေးကို တစ်နေကုန်မေ့နေရလောက်အောင် အသိမကပ်ပဲရှိနေခဲ့တာလား...

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now