Ep - 24

7.1K 1K 120
                                    

" ဒါ ဘယ်က ပြန်လာတာလဲ ? ကြွေ"

အနည်းငယ် မာထန် နေတဲ့ လေသံနဲ့ မေးခွန်းထုတ်လာတဲ့ Daddy ရဲ့ စကားသံကြောင့် ကြွေ အပေါ်တက်ရန်ပြင်နေတဲ့ ခြေလှမ်းတွေရပ်တန့် သွားရလေသည်။

အလိုမကျဟန် မျက်ခုံးတစ်စုံသည်လည်း တွန့်ချိုးလျက်......

" ကြွေ Daddy နဲ့ စကားခဏပြောရအောင် လာထိုင်ဦး!"

အခြေနေက အကောင်းမဟုတ်တာ ကြွေ သိပေမယ့် ဘာမှ မတုံ့ပြန်ပဲ Daddy နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ကျကျနန ဝင်ထိုင်လိုက်သည်။

တည်တင်းနေတဲ့ မျက်နှာပေးနဲ့ Daddy က လေသံ မာမာနှင့်ပင် စကားဆက်လေသည်။

" တစ်ညလုံး ဘယ်လျှောက်သွားနေတာလဲ ကြွေ??"

ကြွေ ကြည့်လည်း မကြည့် ပြန်လည်းမဖြေ...

" Daddy ဘယ်လောက် စိတ်ပူနေလဲ သိရဲ့လား!!"

အဟက်...

ကြွေ အသံထွက်အောင် ရယ်လိုက်မိတာကြောင့် Daddy ဒေါသတွေ ပို ပြင်းထန် လာသယောင်ပင်...

" Daddy စကားမှာ ရယ်စရာ တစ်ခွန်းမှ မပါဘူး ကြွေ !!!"

" နားထောင်ရတဲ့ ကျွန်တော့်အတွက်တော့ ရယ်ရတယ် Daddy..."

" ကြွေ!!"

" Daddy သိချင်တဲ့ အဖြေကို ကြွေ ဘက်က မဖြေနိုင်စရာ အကြောင်းမရှိပါဘူး..."

" ဒါဆို အခုဖြေ! တစ်ညလုံး ဘယ်သူနဲ့ အတူရှိနေတာလဲ??"

Daddy အမေးစကားအဆုံး...
ရယ်မောနေရာက ချက်ချင်း တည်တံ့သွားသော မျက်နှာပေးပြောင်းလဲသွားတဲ့ ကြွေ......

မျက်နှာချင်းဆိုင်က Daddy ကို စူးစိုက်ကြည့်လိုက်ပြီး...

" Daddy ရဲ့မေးခွန်းတွေ ဒီ့ထက် ဘောင်မကျော်လာခင် ... မြန်မြန်လေးဖြေပေးမှပဲ..."

" ကြွေ..."

" Daddy မှန်းထားသလိုပဲ ... ကျွန်တော် သူနဲ့ ရှိနေတာ... တစ်ညလုံး အတူရှိနေခဲ့တာ... အဲ့ဒါ ပြသနာရှိလို့လား Daddy..."

" ကြွေ! မင်း Daddy ကို ဒေါသဖြစ်ပြီး သေစေချင်နေတာလား?"

" Daddy ရဲ့ လေသံ ဒီ့ထက်မမာလာဖို့မျှော်လင့်တယ်"

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now