Ep - 5

9.7K 1.1K 72
                                    

တစ်နေ့ခင်းလုံး sofa ပေါ်မှာ ခွေခေါက်ပြီး Anime ထိုင်ကြည့်နေသော ကြွေကြိုး...

* kamisama hajimemashita *

ထို anime ထဲက နှစ်ပေါင်းများစွာ ရှင်သန်နေတဲ့ မြေခွေးလေး Tomoe နဲ့ Nanami တို့ရဲ့ အလွဲတစ်ချို့ ဇာတ်လမ်းလေးကြောင့် ရယ်မောနေမိတဲ့ ကြွေကြိုး......

အိမ်အကူ အဒေါ်ကြီး ပြင်ဆင်ပေးတဲ့ အဆာပြေမုန့်တွေ တစ်မျိုးပြီး တစ်မျိုးစားပြီး ဇိမ်ကျနေတဲ့ ကြွေကြိုး ......

"!!!"

ရုတ်တရက် နားထဲဝင်လာသော ဆူညံသံ...
TV သံကြောင့် သဲသဲကွဲကွဲ မကြားရပေမယ့်.........
အာရုံ နည်းနည်းစိုက်ပြီး နားထောင်လိုက်သောအခါ...

" ကိုနောင်! ခင်ဗျား အခုထွက်လာခဲ့!"
" ကိုနောင်!!!"

TV ကို ချက်ချင်း ပိတ်လိုက်ပြီး ကြွေ အသံလာရာ ခြံတံခါးဘက်ကို နားစွင့်နေလိုက်မိသည်။

" ကိုနောင်! ခင်ဗျား အခုထွက်လာခဲ့ပါ!"

ကြွေ အံတစ်ချက်ကြိတ်လိုက်မိသည်။
ဒါ ...... Daddy အရှုပ်တွေ......

အိမ်အထိတောင် ပါလာရလား.........

ဒီလို ဆိတ်ငြိမ်ရပ်ကွက်မှာ လာအော်ဟစ်ရဲတာ တော်ရုံ မဟုတ်။

" ဒေါ်ချို!! ဦးစိုင်း!!"

ချက်ချင်း အနားရောက်လာတဲ့ နှစ်ယောက်...

" ကြွေ သားလေး ဘာလိုချင်လို့လဲ?"

" အိမ်ရှေ့မှာ အော်နေတဲ့ ကိုယ်တော်ချောကို အိမ်ထဲပင့်လာခဲ့ ဦးစိုင်း"

" ဟုတ်ကဲ့ ကြွေ"

ဦးစိုင်း ထွက်သွားတာနှင့်...

" ဒေါ်ချို ...... Daddy ကို ph ဆက် ...ရောက်ရာ အရပ်ကနေ ပြန်လာပြီး အရှုပ်တွေလာရှင်းဖို့ပြောလိုက်!"

နှစ်ယောက်လုံးထွက်သွားတာ နှင့် ကြွေ ကြည့်လက်စ TV ပြန်ဖွင့်ကာ ဆက်ကြည့်နေလိုက်သည်။

မကြာပါ ...... ဦးစိုင်းနဲ့ အတူ ကောင်လေးတစ်ယောက်ပါလာလေသည်။

sofa ၄ လုံး လုံးမှာ ကြွေ ဖွထားတဲ့ အမှိုက်တွေနဲ့ ပြန့်ကျဲနေတာကြောင့် ဘယ်နားထိုင်ရမှန်းမသိ မတ်တပ်ရပ်နေသော ထိုသူကို ကြွေ တစ်ချက်တောင် မော့မကြည့်...

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now