Part - 29

6.2K 999 92
                                    

" အရူးကောင်!!!!"

ရုတ်တရက် ထွက်ပေါ်လာတဲ့ စကားသံကြောင့် တခြား
စားပွဲ ဝိုင်းတွေရဲ့ အကြည့်တွေက သွန်းမာန်တို့ စားပွဲ ဆီ
ကျရောက်လာလေသည်။

ထို စကားပြောလိုက်တဲ့ နှင်းရီကတော့ ဘာကိုမှ
ဂရုပြုမိဟန် မပေါ်
Coffee ခွက်ကိုဆောင့်ချ လိုက်သံကပင်
တစ်ဆက်တည်း ထွက်လာသေးတာ......

" ငါ က နင့်ကို ရင်ဖွင့်နေတာလေ.... နင်က ဘာထဖြစ် တာလဲ? "

" မသိလို့မေးနေတာလား သွန်းမာန်??''

" ဘာကိုလဲ?''

" ငယ်တုန်းကတော့ မရင့်ကျတ်လို့ မှားတယ်...
အခု နင့်အသက်ရွယ်နဲ့ ဒီလို တုံ့ဆိုင်း တွေဝေနေတာ သိပ်
ကြည့်ကောင်းနေတယ် ထင်လား သွန်းမာန်...''

သွန်းမာန် ဘာမှပြန်မပြော....
သက်ပြင်းကိုသာ...အသာချရင်း....
အကြည့်တွေကို ဆိုင်အပြင်ဘက် ဆီ ရွှေ့လိုက်မိသည်။

.
.
.
.
မျက်နှာချင်းဆိုင် ကားလမ်း ပလက်ဖောင်းလေး...
စိတ်မထင်ရင် မထင်သလို လမ်းဘေး ပလက်ဖောင်းမှာ ထိုင်ချတက်တဲ့......
.
.
တည်ငြိမ်သူတွေသာ black coffee သောက်တက်
တယ် ဆိုပြီး အမြဲ ပြောနေတက်တဲ့.....
.
.
ကြိုးလေး....
.
.
.
.
မင်းတကယ် နေနိုင်တာပဲ......

" ငါ..... ဘာတွေများ မှားယွင်း နေလို့လဲ..''

" နင့်အမှားက.....  နင့်ရဲ့ မသေချာမှုပဲ သွန်းမာန်..''

နှင်းရီ သက်ပြင်းရှည် တစ်ခု အရင်ချပြီး
စကားပြန်ဆက်လေသည်။

" နင်ရဲ့ မသေချာမှုတွေကြောင့် အဲ့ကလေးကို ပို ဆိုးသွား
အောင် မတွန်းပို့မိစေနဲ့ သွန်းမာန်.....
နင်ကိုယ်တိုင် လမ်းဖွင့်ခဲ့ပေးပြီးသားကို အတင်း ပြန်မောင်း
မထုတ်ပါနဲ့....

ငါဒါပဲ ပြောချင်တယ်...''

ပြောရင်းနဲ့ အိတ်တွေလွယ်ပြီး မတ်တပ်ထရပ်လိုက်တဲ့
နှင်းရီ..

" ငါ နောက်ဆုံး အနေ နဲ့ တစ်ခု ပြောခဲ့ဦးမယ် သွန်းမာန်..
နင့်ရဲ့ ဒီလိုပုံကို အကြိမ်ကြိမ် မြင်ရအောင် လုပ်တဲ့
နင့်ရဲ့ ဘာမှန်းမသိတဲ့ သူကို....
ငါတကယ် မုန်းတယ် သွန်းမာန်.....
..
နောက်ဆို အဲ့လို ကိစ္စတွေကြောင့်ဆို
ငါ့ကို တွေ့ဖို့မခေါ်နဲ့...''

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now