Ep - 10

9.4K 1.2K 226
                                    

မနက်စာ ဗန်းလေးကို ကိုင်ကာ ဒေါ်ချို အပေါ်ထပ်က သားကြွေ အခန်းရှိရာသို့ တက်လာလိုက်သည်။

သူဌေး ခရီးထွက်သွားတဲ့ ည ...... မိုးရေတွေရွှဲပြီး ပြန်လာကတည်းက အခန်း ထဲကနေ ထွက်မလာတော့တာ...

ဒီနေ့နဲ့ ဆို ၃ ရက်ရှိပြီ...

" ဒေါ်ချို ...... သားကြွေ အခန်းထဲကနေ မထွက်သေးဘူးလား?"

အိမ်ဝိုင်း ရှင်းပေးနေတဲ့ အလုပ်သမား ဦးစိုင်းရဲ့ အမေးကို ဒေါ်ချို ပြန်ဖြေလိုက်သည်။

" ဟုတ်တယ် ~~~ အစားတော့ ပုံမှန်စားနေတယ် အအေးမိမယ်ထင်ပြီး Dr.ကျော်စွာ ဆီကနေ တောင်းလာတဲ့ ဆေးတွေလည်း ပုံမှန်သောက်တယ်"

" သက်သာရဲ့လား မသိပါဘူးကွာ~~~ သူဌေးကို အကြောင်းကြားရမလား ဒေါ်ချို"

" သားကြွေက ငယ်ငယ်ကတည်းက ဒီလိုပဲလေ နေမကောင်းရင် အခန်းအပြင်လုံးဝမထွက်ပဲ နေနေကျ~~~ နေကောင်းရင် ပြန်ထွက်လာမှာပေါ့~~~ တော်ကြာ သူဌေးကို ပြောရမလားဆိုပြီး ဒေါသထွက်နေလိမ့်မယ် "

" ငါကစိတ်ပူလို့ပါဟာ"
.
.
.
.
" အခန်းရှေ့မှာ ပွစိပွစိနဲ့ ဘာတွေပြောနေကြတာလဲ??"

ရုတ်တရက် အခန်းတံခါး ဖွင့်လာပြီး ထွက်လာတဲ့ ကြွေကြောင့် ဒေါ်ချို နဲ့ ဦးစိုင်း လန့်သွားရလေသည်။

" ဘာ-- ဘာမှ မပြောပါဘူး သားကြွေရယ်~~~ သားကြွေ နေကောင်းသွားပြီလား??"

" ကျွန်တော်က ဘယ်တုန်းက နေမကောင်းဖြစ်လို့လဲ ဒေါ်ချို? "

ဒေါ်ချိုမေ့သွားတာ......
ကြွေ က ဘယ်တုန်းက နေမကောင်းတာကို ထုတ်ပြောဖူးလို့လဲ.........

အခန်းထဲက အခန်းအပြင်မထွက်တော့တာ ကြွေ့ရဲ့ နေမကောင်းချင်းပြ လက္ခဏာ။

ကြွေ အခန်းအပြင်မထွက်တော့တာနှင့်...... ဒေါ်ချိုတို့ က ဆရာဝန်ဆီ ph ဆက် ......
ဆေးနဲ့ အစားအစာ တွေကို အခန်းရှေ့မှာ ပုံမှန်ချပေးနေကျ......

" အဲ့ဒါ မနက်စာလား?"

" ဟုတ်တယ် သားကြွေ"

" အောက်မှာပဲ ပြင်ထားလိုက်ပါ...... ကျွန်တော် အောက်ဆင်းလာခဲ့မယ်"

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now