Part - 57 (Final Part)

7.2K 653 176
                                    

Zawgyi ver...

ထိုနေ့က....
.
.
.
ဆောင်းရာသီမို့လို့လားမသိ...
လေက တစ်ချက်ချက် အေးခနဲ...

လေတစ်ချက်ဝှေ့လိုက်တိုင်း အစီအရီ ခင်းထားတဲ့
ခုံတွေမှာ ချည်ထားတဲ့ ဖဲကြိုး အဖြူလေးတွေက ညီညာစွာ ယိမ်းနေလျက်.....

မြက်ခင်းပြင်ပေါ်မှာ ခင်ကျင်းထားတဲ့
ပန်းခင်း လျှောက်လမ်းလေးရဲ့ အဆုံးမှာ...

ရိုးရှင်းပေမယ့် ခမ်းနားတဲ့ မင်္ဂလာစင်မြင့်လေးက
ကြိုဆိုနေပြန်တာ....

အရာအားလုံးက ရိုးရှင်းပေမယ့် သိပ်လှပ
လွန်းတယ်..

ဟုတ်ပါတယ်....
ဒါ ကြိုးလေးနဲ့ ကိုးမာန် ရဲ့ မင်္ဂလာပွဲ

သိန်းပေါင်းများစွာ အကုန်ကျခံ ပြင်ဆင်ထားတဲ့
ဒီမင်္ဂလာနေရာကို ကြိုးလေး တစ်ခေါက်မှ
ရောက်မလာခဲ့ပေမယ့်.....
သွန်းမာန် တစ်ယောက် အသေအချာ
ပြင်ဆင်ထားခဲ့တာ .....

သူ... ကြိုးလေးကို တကယ် တန်ဖိုးထားတာ...
ချစ်လား ဆိုတဲ့ မေးခွန်းကို တော့
သူလိမ်ညာပြီးလည်း
မပြောချင်တာကြောင့် အဖြေစကား မရှိပေမယ့်
သူ.....
ကြိုးလေးကို ပျော်ရွှင်စေချင်ပါတယ်လေ.....

ဒါပေမယ့်......

တရွေ့ရွေ့ နီးလာတဲ့ အချိန်ကြောင့် သွန်းမာန်
စိတ်တွေ ပူပင်နေရပြီ...

ကြိုးလေး အခုထိ ဘာလို့ရောက်မလာသေးတာလဲ

သွန်းမာန်ကသာ ပြင်ဆင်ပြီး အသင့်
ဖြစ်နေပေမယ့် ကြိုးလေးက အခုထိ
အရိပ်တောင် မမြင်ရသေးပေ....

ဧည့်သည်လည်း များများစားစား မရှိ....
တကယ်တော့ ရှိကိုမရှိတာ
ရှင်းရှင်း ပြောရရင် နှစ်ဖက်မိဘတွေတောင်
လာကြတာ မဟုတ်.....

လိုလားမှု ဖြစ်သင့်မှု အကြောင်းတရားတွေ
သွေဖယ်တဲ့ ဒီမင်္ဂလာပွဲရဲ့ အစပြုမှုက ဒီလို
အထီးကျန်နေရတာကို ကြိုးလေး စိတ်မကောင်း
ဖြစ်နေမှာ အမှန်....

ငွေနဲ့ တည်ဆောက်ထားတဲ့ ခမ်းနားမှု က
လိုအပ်နေတဲ့ မေတ္တာတရား အလွှာပါးကိုတော့
ဘယ်ကာမိပါ့မလဲ...

ဒါကြောင့်လည်း .....
သူ အခုကနေစပြီး ဒီကလေးကို......

Ring Ring

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now