part - 51

3.9K 501 30
                                    

Unicode is below~~
~~~

Pinky Cafe

.
.
.
ဒီနေရာပေါ့ ...
.
.
ထောင့်ဆုံးက စားပွဲဝိုင်းလေး.
.
Black Coffee တစ်ခွက်
Latte တစ်ခွက်
.
JayChou ရဲ့ Hair Like Snow
သီချင်းသံလေး
.
ပြီးတော့.
.
ကိုးမာန်......

ကြွေ့လောဘက ဒါလေးပဲကို....

ဘာလို့များ ခက်ခဲနေရတာလဲ?

" ကြွေ ?"

ကြွေ ဆိုင်ထဲ မဝင်သေးပဲ ဆိုင်ပေါက်ဝကို
တွေတွေကြီး ငေးနေရင်း အနောက်ကနေ
အသံကြားလို့ ကြည့်လိုက်မိတော့
Daddy?

" coffee သောက်မလို့လား ကြွေ?
Daddy နဲ့ အတူသောက်ရအောင်လေ "

Daddy က ပြောရင်း ဆိုင်ထဲဝင်ဖို့ ခြေလှမ်းနေတာ ကြောင့် ကြွေ အမြန် လက်ကို လှမ်းဆွဲ
လိုက်မိသည်။

" Daddy ဒီထဲ မဝင်နဲ့!"

" ဟင်? ဘာဖြစ်လို့လဲ?"

ကြွေ ပြန်မဖြေပဲ လမ်းရှေ့ကို
ဦးဆောင်သွားလိုက်သည်။

လိမ်လည်းမပြောချင်သလို
ဖြေလည်းမဖြေချင်ပါ

ဒီဆိုင်တော့ မရဘူး Daddy...
မဖြစ်မနေ Coffee သောက်ရမှ ဆိုလည်း
တခြားဆိုင်ပေါ့....
.
.
.
" ကြွေက Black Coffee ကြိုက်တာလား?"

" အင်း "

" Daddy မသိလိုက်ဘူး "

" Daddy မသိတာ ဒီတစ်ခုတည်းမှ မဟုတ်တာ "

ကြွေက coffee အသောက်မပျက် အေးဆေး
ပြောနေပေမယ့် ဦးမင်းနောင် ရဲ့ ရင်ထဲမှာတော့
စူးခနဲ...

" ကြွေ .. "

" အင်း..."

ပြောစရာတွေ များနေပေမယ့် ဘယ်ကနေ အစပျိုးရမယ်မှန်းမသိ။
သားအဖနှစ်ယောက်ရဲ့ စကားဝိုင်းက
အေးစက်လိုက်တာ...

" Daddy ပြောစရာ ရှိရင် လိုရင်းတန်းပြောပါလား"

တည့်တည့်စိုက်ကြည့်ပြီး ပြောလာတဲ့ ကြွေ...
အင်း.... ပြောရမှာပေါ့....

" ကြွေ တကယ်ဖြစ်ချင်တာ ဘာလဲ?"

" ကိုးမာန် နဲ့ လက်ထပ်ချင်တာ"

မဆိုင်းမတွ ပြန်ဖြေလာတဲ့ ကြွေ..

" ဒါက ရူးသွပ်မှုတစ်ခုဖြစ်နေရင်ရော? ကြွေ
ခံစားချက်တွေက သေချာလို့လား?"

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now