part - 45

6.4K 960 231
                                    

လွင့်ချင်တိုင်း လွင့်နေတဲ့ တိမ်တွေကို မော့ကြည့်ပြီး
ကြွေ ပြုံးလိုက်မိသည်။
ဘာကြောင့်မှန်း မသိ...
အလိုလို ပျော်ရွှင်နေရပါသော စိတ်...

ကိုးမာန် နဲ့ တွေ့ရမှာကြောင့် ပျော်နေတာလား ဟုမေးရင်
တော့...
ဟင့်အင်းလို့ပဲ ဖြေမှာ...

ဘာလို့လဲဆိုတော့ ကိုးမာန် အပေါ် ဘယ်လိုခံစားချက်ကိုမှ
ဝန်မခံချင်လို့....

လူတွေက သိပ်ထူးဆန်းတယ်....
မလိုအပ်တဲ့ အပေါ်ယံနာကျင်မှု ဒဏ်ရာတွေကိုပဲ
အားတတ်သရော ကုသဖေးမပေးချင်ကြတာ...
တကယ်တမ်း အတွင်းက အနက်ဆုံးဒဏ်ရာကို ကြည့်ပါလည်းဆိုရော....
အနှေးနဲ့ အမြန် ဘဝထဲက ထွက်ပြေးတတ်ကြပြန်ရော...

ကိုးမာန်လည်း ဘာထူးလဲ....
ူသူဘာလို့ ကြွေ့ကို လမ်းခွဲချင်လဲ....
ရှင်းရှင်းလေး...
ကြွေ့ရဲ့ ပူလောင်မှုတွေကို သူဝေမျှပေးနိုင်စွမ်းမရှိလို့
ထွက်ပြေးချင်နေတာ...
အဟင်း...
လိုမှ မလိုအပ်ပဲ
ကြွေ့ အတွက် ဘာဝေမျှနှစ်သိမ့်မှုမှ လိုတာမှ
မဟုတ်တာ...

ခင်ဗျား အနားမှာ ရှိနေဖို့ ဘာခံစားမှု မှ
ခင်ဗျားအပေါ်မသက်ရောက်အောင် ဂရုစိုက်နေပေးမယ်..
ဒီလောက်ဆို ခင်ဗျား ထွက်မသွားဖို့ လုံလောက်တယ်မလား ကိုးမာန်....

" ကြိုးလေး?''

အတွေးမဆုံးသေး.... အနားရောက်လာတဲ့ ကိုးမာန်...
မတွေ့ရတဲ့ ရက်တွေအတွင်းမှာ...
ကိုးမာန် မျက်နှာ အနည်းငယ်ချောင်ကျသွားသယောင်...

ဒါပေမယ့်လည်း ဘာဖြစ်လဲ....
သေတာထက်စာရင် တော်သေးတာပဲလေ

" ဘာတွေ အဲ့လောက်တောင်ငေးနေတာလဲ ကြိုးလေး?''

" တစ်ခါတွေ့တစ်ခါ အပြောင်းလဲမြန်တဲ့ခင်ဗျား
ဒီတစ်ခေါက်ရော ဘယ်လိုအကွက်တွေထွင်မလဲ တွေးမိလို့ ''

ကြွေ့စကားအဆုံး မျက်နှာချက်ချင်းမှိုင်းညို့သွားပြန်တဲ့
ကိုးမာန်...
ထို့နောက် တိုးလျသော လေသံလေးဖြင့် ဆိုလာသော
စကားသံ...

" တောင်းပန်ပါတယ် ကြိုးလေး.''

" ရာသီဥတု ပူရတဲ့ကြားထဲ ကိုးမာန်ရာ.... အပူသည်ပုံစံ လုပ်မနေနဲ့..... အခု ကျွန်တော်မှာထားတဲ့ ice-cream လေးစားပြီး အပူတွေ လျော့ချလိုက်..''

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now