Part- 37

5.1K 926 110
                                    

ကိုးမာန် ph screen ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
စိတ်မကောင်းဖြစ်သွားမလား မသိပေမယ့်
မတက်နိုင်...
သူလည်း အလုပ်တအား ရှုပ်နေတာ....

ရှယ်ယာရှင်တွေနဲ့ အစည်းဝေးထိုင်ပြီး
Project case ဆွေးနွေးနေရတာ....

မမျှော်လင့်ပဲ Project 2 ခုပျက်သွားရတာကြောင့်
သွန်းမာန် ခေါင်းပိုစားနေရတာ...

ဘယ်ကနေ ဘယ်လိုတိုက်ခိုက်နေမှန်းမသိပဲ
သွန်းမာန် ဘာလုပ်လုပ်ကို အဆင်မပြေဖြစ်နေတာကြောငိ့
တော်တော်လေး စိတ်ညစ်ညူးနေမိသည်။

" မောင်ရင် အဆင်ပြေရဲ့လား?''

ရှယ်ယာ ရှင် တစ်ဦးရဲ့ အမေးစကားအဆုံးမှာ သွန်းမာန်
လွင့်နေတဲ့ အတွေးတွေကို အမြန် ဖြတ်တောက်လိုက်ပြီး
အလုပ်မှာပဲ အာရုံပြန်စိုက်လိုက်သည်။

ဒီတစ်ခေါက် project အဆင်ပြေမှ ဖြစ်မှာ....
မဟုတ်ရင် ဖေဖေ ဝမ်းနည်းနေတော့ မှာ.....

.
.
.
အလုပ်တွေ ပြီးမှ ကိုယ် မင်းကို သေချာလေး
လာချော့တော့မယ်... ကြိုးလေး....

ဒီရက်ပိုင်းကတော့ သည်းခံပေးနော်......

~~~~~~~~~~~~~~~~~~~~~

မှေးမှိန် မှောင်မိုက်ခြင်းက အထီးကျန်ခြင်းကို
ကိုယ်စားပြုတယ်ဆို
အခု လက်ရှိ ကြွေကြိုးရဲ့ ပုံစံက အထီးကျန်မှု
ပုံ နည်းနည်းလေးမှ မပေါက်ပါလေ....

လိမ္မော်ရောင် တောက်တောက် အကျီ င်္ကို
Jean ဘောင်းဘီ လေးနဲ့ တွဲဖက်ဝတ်ဆင်ပြီး

သီချင်းလေး ညည်းရင်း အောက်ထပ်ကို မြူးထူးစွာ
ဆင်းလာပုံက Daddy ကိုတောင် မျက်စိစပါးမွှေး
စူးသွားစေသည်ထင်...

သတင်းစာဖတ်နေရင်းက ကြွေ့ ကို စူးစမ်းသလို
တစ်ချက်ကြည့်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေတဲ့
daddy ကို ကြွေကလည်း သိပ်ဂရုမစိုက်...

ကားသော့လှမ်းယူနေခိုက်....

" ဒါ ဘယ်သွားမလို့လဲ ကြွေ?''

ကြွေ ပြန်မဖြေပဲ
မျက်မှောင်ကျုံ့လိုက်မိသည်။
Mommy က စောစောစီးစီး ဘာလာလုပ်တာလဲ?

" mommy က ကြွေ့ကို တွေ့ဖို့လာတာ.....''

" မအားဘူး..''

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now